နေပြည်တော်-မန္တလေးလမ်းတွင် ယာဉ်တစ်စီး တိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွား

နေပြည်တော် ၃ ဇန်နဝါရီ

 

ယနေ့ နံနက် ၈ နာရီ ၄၀ မိနစ်အချိန်၌ နေပြည်တော်- မန္တလေး လမ်းမိုင်တိုင် ၃၄၆/ဝ-၃၄၆/၁ အကြားတွင် ယာဉ်မောင်း (စိစစ်ဆဲ)တစ်ဦးတည်း မောင်းနှင်လာသည့် ALPHARD ခဲရောင်ယာဉ်သည် တံတားဘေးတိုင်အား တိုက်မိကာ ယာဉ်တိမ်းမှောက် မီးလောင်ပြီး ယာဉ်မောင်းသေဆုံးသွားကြောင်း သိရသည်။

 

အခင်းဖြစ်ပွားရာသို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ စကားအင်းစခန်းမှ တပ်ဖွဲ့ဝင်များ၊ အထောက်အကူပြု အဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ပြီး ကူညီဆောင်ရွက်ပေးခဲ့သောကြောင့် ၉ နာရီခန့်တွင် မီးငြိမ်းခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 

MDN