နေပြည်တော် ပညာရေးဝန်ကြီးဌာနမှ အသက် ၆၅ နှစ်အရွယ် နေ့စားဝန်ထမ်း၏ ဓာတ်ခွဲအဖြေမှာ Negative သာဖြစ်

နေပြည်တော် ၈ ဧပြီ

 

နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနရုံးမှ အသက် ၆၅ နှစ် အရွယ် နေ့စားဝန်ထမ်း အမျိုးသားတစ်ဦးသည် ဧပြီ ၇ ရက် ည ၁၀ နာရီခန့်တွင် ဖျားနာခြင်း၊ ချောင်းဆိုးခြင်းဖြစ်သဖြင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီး ကူးစက်ရောဂါ ကုသဆောင်တွင် ကုသလျက်ရှိသဖြင့် အဆိုပါဝန်ထမ်း တာဝန်ထမ်းဆောင်သည့် ပညာရေးဝန်ကြီး ဌာနမှ ဝန်ထမ်းများအား ရုံးမတက်စေဘဲ Home Stay နေထိုင်ရန် ညွှန်ကြားထားကြောင်း သတင်းဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

 

လူနာမှာ မူလ အဆုတ်ယောင်ရောဂါရှိသူ ဖြစ်သော်လည်း ရောဂါအခြေအနေအား တိကျစွာသိရှိနိုင်ရန် ရန်ကုန် အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးခဲ့ပြီး ဓာတ်ခွဲအဖြေမှာ ရောဂါပိုး မတွေ့ရှိ (Negative) ကြောင်း အစိုးရအဖွဲ့မှ သိရသည်။

 

Credit: Peacock