နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် အလှူငွေ ပေးအပ်လှူဒါန်း   

နေပြည်တော် ၂၂  အောက်တိုဘာ

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသမှု လုပ်ငန်း များ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ အလှူငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် နေပြည်တော် ကောင်စီရုံး ဧည့်ခန်းမ၌ ကျင်းပသည်။

 

လှူဒါန်းပွဲတွင် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း (နေပြည်တော်)မှတာဝန်ရှိသူများက လှူဒါန်း ငွေကျပ် (၁၅)သိန်းကို ပေးအပ်လှူဒါန်းရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော် ကောင်စီဝင်များနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။

 

ယခုလှူဒါန်းသည့် အလှူငွေများအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသမှုပေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိရောက်စွာ အသုံးပြုသွား မည်ဖြစ်ကြောင်း သိရသည်။

 

အခမ်းအနားသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် နေပြည်တော် ကောင်စီဝင်များ ဖြစ်ကြသည့် ဦးတင်ထွန်း၊ ဦးအေးမောင်စိန်၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးခင်မောင်လေး၊ နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ဇော်မင်းလွင်(ခရိုင်ပြန်/ဆက်)