နေပြည်တော်-ရန်ကုန် အမြန်လမ်းမကြီးတွင် ခရီးသည်တင်ယာဉ် တိမ်းမှောက်

နေပြည်တော် ၄ နိုဝင်ဘာ

 

ယနေ့နံနက် ၅ နာရီခန့်က နေပြည်တော်-ရန်ကုန် အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၆၈/၄)နှင့် (၆၈/၅)အကြားတွင် နေပြည်တော်မှ ရန်ကုန်သို့ မောင်းနှင်လာသော ရွှေတောင်ရိုး Expess ခရီးသည်တင်ယာဉ် တိမ်းမှောက်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

ယာဉ်မှာ လမ်းလယ်ကျွန်း ဘယ်ရီယာတုံးအား တိုက်မိကာ ယာဉ်တိမ်းမှောက်ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဥသျှစ်ကုန်း အမြန်လမ်းမီးသတ်စခန်းမှ သွားရောက်ကူညီ ဆောင်ရွက် ပေးခဲ့သည်။ ယာဉ်ပေါ်ပါ ခရီးသည် စုစုပေါင်း (၃၀)ဦးအနက် ဒဏ်ရာရရှိသူ အမျိုးသား (၁၀)ဦး၊ အမျိုးသမီး (၄)ဦး၊ စုစုပေါင်း (၁၄)ဦး (မစိုးရိမ်ရ)အား ရဲတပ်ဖွဲ့ လူနာတင်ယာဉ်ဖြင့် မြို့ချောင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

MDN

ဓာတ်ပုံ- MFSD