နေပြည်တော်-ရန်ကုန်အမြန်လမ်းတွင်  Express ယာဉ်နှစ်စီးတိုက်မိမှုဖြစ်ပွား

နေပြည်တော် ၁၄ နိုဝင်ဘာ

နေပြည်တော်- ရန်ကုန်လမ်းမိုင်တိုင် ၁၉၄/၂/- ၁၉၄/၃ အနီးတွင် ယနေ့ နံနက် ၁ နာရီ မိနစ် ၄၀ ခန့်က ယာဉ်မောင်း ကိုအောင်ထွန်း (၃၅) နှစ် ပုလဲမြို့သစ်၊ မင်္ဂလာဒုံမြို့နေသူ မောင်းနှင်ပြီး ခရီးသည်(၃၁) ဉီး စီးနင်းလိုက်ပါလာသော 3N/----မင်းသစ္စာ express ယာဉ်သည် လားရာတူ ရှေ့မှ ယာဉ်မောင်း ဦးအောင်ဆန်းဝင်း(၅၁)နှစ် လယ်ဝေးမြို့နေသူ မောင်းနှင်ပြီး ခရီးသည်(၄၁) ဦး စီးနင်းလိုက်ပါလာသော 3G/----ရွှေစင်စင်္ကြာ expresss ယာဉ်၏ နောက်ဝဲဘက်ခြမ်း ကို ဝင်ရောက်တိုက်မိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 

6336

 

အဆိုပါ ယာဉ်တိုက်မှုကြောင့် မင်းသစ္စာယာဉ်မှ သံဃာ ၁ ပါး၊ ကျား ၆ ဦး၊ မ ၇ဦး၊ ရွှေစင်စင်္ကြာယာဉ်မှ ကျား ၁ ဦး၊ မ ၁ ဦး ထိခိုက်ဒဏ်ရာရရှိသဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ပလွေးစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြု အဖွဲ့များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

MDN