နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့၌ တရားမဝင်သစ်များ ဖမ်းဆီးရမိ

သြဂုတ် ၇

 


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်အရ နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့၌ တရားမဝင်သစ်များ ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 


သြဂုတ် ၂ ရက်မှ ၄ ရက်နေ့အတွင်း သစ်တောဝန်ထမ်းများနှင့် နယ်မြေခံတာဝန်ရှိ သူများပါဝင်သော ပူးပေါင်းအဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်၌ တရားမဝင်သစ် ၃ ဒသမ ၃၄၈၀ တန်နှင့်အတူ ပြစ်မှုကျူးလွန်သူတစ်ဦးကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဝန်းသိုမြို့နယ်၌ တရားမဝင်သစ် ဝ ဒသမ၉၉ တန်၊  ကသာမြို့နယ်၌ တရားမဝင်သစ် ၉ ဒသမ ၄၈၇၂ တန်နှင့် ဗန်းမောက်မြို့နယ်၌ တရားမဝင်သစ် ၂၃ ဒသမ ၅၈၅၄ တန်ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်၌ ၂ ဒသမ ၃၇၈၂ တန်ကိုလည်းကောင်း၊ ကချင်ပြည်နယ်အတွင်းရှိ မိုးမောက်မြို့နယ်၌ ၁ ဒသမ ၁၀၇၆ တန်၊ မိုးကောင်းမြို့နယ်၌ ဝ ဒသမ ၇၄ တန်နှင့် ရွှေကူမြို့နယ်၌ တရားမဝင်သစ် ၉ ဒသမ ၁၀၆၆ တန်နှင့်အတူ ပြစ်မှုကျူးလွန်သူ (၆)ဦးတို့ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


ကိုမျိုး