နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ သစ်တန် ၇၅၀ ကျော် ဖမ်းဆီးရမိ

နေပြည်တော်    ၁၅  နိုဝင်ဘာ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တော ဦးစီးဌာနသည် တရားမဝင် သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ    နေပြည်တော် ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း(၁၃၃ ဒသမ ၂၀၈၄)တန်၊ သစ်မာ(၁၅၆ ဒသမ ၈၆၁၃)တန်၊ အခြား (၄၆၀ ဒသမ ၀၃၅၀)တန်၊ စုစုပေါင်း (၇၅၀ ဒသမ ၁၀၄၇)တန်၊ တရားခံ(၅၇)ဦး၊ ယာဉ်/ယန္တရား(၃၉)စီး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

ညီညီသန်း(နေပြည်တော်)