နေပြည်တော်ကောင်စီနယ်မြေ တိုင်းဒေသကြီး/ ပြည်နယ်များမှ တရားမဝင်သစ် ၂၉၃ တန်ကျော် ဖမ်းဆီးရမိ

နေပြည်တော်  ၁၈  ဇွန်

           

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့် သစ်တောထွက် ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇွန် ၈ ရက်မှ ၁၄ ရက်အထိ  နေပြည်တော်ကောင်စီ နယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း (၁၀၄ ဒသမ ၄၇၅၀) တန်၊ သစ်မာ (၅၂ ဒသမ ၈၈၄၀)တန်၊ အခြား (၁၃၅ ဒသမ ၉၅၇၄)တန်၊ စုစုပေါင်း (၂၉၃ ဒသမ ၃၁၆၄)တန်၊ တရားခံ(၅၉)ဦး၊ ယာဉ်/ယန္တရား(၅၉)စီး ဖမ်းဆီး ရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

ညီညီသန်း(နေပြည်တော်)