နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ တရားမဝင်သစ်များ သိမ်းဆည်းရမိ

နေပြည်တော် ၂ အောက်တိုဘာ

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်လျက်ရှိရာ စက်တင်ဘာ ၂၃ ရက်မှ ၂၉ ရက်အထိ နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ သစ်တောဦးစီးဌာနများမှ သိမ်းဆည်းရမိသည့် စာရင်းများအရ ကျွန်း ၅၅ ဒသမ ၆၄၉၅ တန်၊ သစ်မာ ၆၄ ဒသမ ၈၂၈၉ တန်နှင့် အခြားသစ် ၂၆၃ ဒသမ ၅၃၂၆ တန်ဖြစ်ရာ စုစုပေါင်း ၃၈၄ ဒသမ ဝ၁၁၀ တန်၊ ပြစ်မှုကျူးလွန်သူ ၃၃ ဦး၊ ယာဉ်/ယန္တရား ၂၂ စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖမ်းဆီးရမိမှုများအနက် စက်တင်ဘာ ၂၅ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် နောင်ချိုမြို့နယ် ကိုင်းကြီး(၁)ဘိနယ်၊ ကိုင်းကြီးကြိုးဝိုင်း အကွက်(၁၀) နန့်ကသာချောင်းဘေးမှ ကျွန်း၊ ပျဉ်းကတိုး၊ အင်သစ် ၈၈ လုံး ၂၇ ဒသမ ၉၈၂၀ တန်ကို သိမ်းဆည်းရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

မောင်လူမော်

 

mdn