နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ တရားမဝင်သစ် ၁၅၂ တန်‌ကျော် ဖမ်းဆီးရမိ

နေပြည်တော် ၂၂ ဇူလိုင်

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ရာ၌ ဇူလိုင် ၁၃ ရက်မှမှ ၁၉ ရက်အထိ နေပြည်တော်ကောင်စီနယ်မြေ၊  တိုင်းဒေသကြီး/ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း ၅၅ ဒသမ ၉၂၉၉ တန်၊ သစ်မာ ၂၂၃ ဒသမ ၄၀၄၂ တန်၊ အခြား ၇၂ ဒသမ ၈၄၈၂ တန် စုစုပေါင်း ၁၅၂ ဒသမ ၁၈၂၃ တန်၊ တရားခံ (၄၄)ဦး၊ ယာဉ်/ယန္တရား (၁၆)စီး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

ညီညီသန်း (နေပြည်တော်)

 

mdn