နေပြည်တော်ကောင်စီသို့ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးပစ္စည်းများ လာရောက်လှူဒါန်း

နေပြည်တော် ၃၁  မတ် 

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီရုံး ဧည့်ခန်းမ၌ ယနေ့နံနက် (၁၀) နာရီခွဲတွင် ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလ ုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် GRAND ROYAL Group International Co.,Ltd မှ ဦးမင်းရှိန် နှင့်အဖွဲ့က လက်သန့်ဆေးရည် (Hand Sanitizer) 500ml (၉၅၀) ဘူးအား လာရောက်လှူဒါန်းရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် နှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

 

ဆက်လက်၍ မွန်းလွဲ(၂)နာရီတွင် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEF) မှ တာဝန်ရှိသူများက  Surgical Masks (၇၀၀၀၀) ခု တန်ဖိုးငွေကျပ် သိန်းသုံးရာတိတိတို့အား လာရောက်လှူဒါန်းပေးအပ်ခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီ ဦးတင်ထွန်း နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး အဆိုပါပစ္စည်းများအား နေပြည်တော်ကောင်စီမှတစ်ဆင့် နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ကာ လိုအပ်သည့်နေရာများတွင် ဖြန့်ဝေ အသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည်။

 

ထွန်းထွန်းဝင်း