နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အလင်းစီမံချက်ဖြင့် မျက်စိဝေဒနာရှင်များ အခမဲ့မျက်စိခွဲစိတ်ကုသ ဆောင်ရွက်ပေးနေမှု ကြည့်ရှုအားပေး

နေပြည်တော် မေ ၁၄

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှု၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ လမ်းညွန်မှုဖြင့် နေပြည်တော်ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ နေပြည်တော်ပြည်သူဆေးရုံကြီး (ခုတင်-၃၀၀) မှ မျက်စိအထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်ကြီး(ဆေးပညာ)နှင့် အထူးကုဆရာဝန်ကြီးများပါဝင်သောအဖွဲ့က ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) ၌ နေပြည်တော် အလင်းစီမံချက်ဖြင့် ဒေသခံပြည်သူများကို အခမဲ့ မျက်စိခွဲစိတ်ကုသပေးပြီး ကျန်းမာရေးစောင့် ရှောက်ပေးနေမှုကို သွားရောက် ကြည့်ရှုအားပေးသည်။

 

ကြည့်ရှုအားပေးစဉ် နေပြည်တော်တိုင်း ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန်းနိုင်စိုး၊ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မျက်စိခွဲစိတ် ကုသမှုခံယူပြီးသည့် လူနာများကို ဆေးမျက်မှန်များ တပ်ဆင်ပေးသည်။

 

ယင်းနောက် အစည်းအဝေးခန်းမ၌ ဒုတိယညွန်ကြားရေးမှူးချုပ် (ကုသရေးဦးစီးဌာန) နှင့် နေပြည်တော်ကုသရေးဦးစီးဌာနမှူးက နေပြည်တော်အလင်းနှင့် နေပြည်တော်အပြုံး =စီမံချက်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီ =ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက အထူးကုဆရာဝန်ကြီးများကို အမှတ်တရသစ်သီးခြင်း ပေးအပ်ကာ လာရောက်ဆေးကုသမှုခံယူသည့် ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အာဟာရနှင့် စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ပြီး ဆေးရုံအတွင်း မျက်စိကုသဆောင်တွင် ခွဲစိတ်ကုသမှုခံယူနေသည့် လူနာများ၊ ခွဲစိတ်ခန်းတွင် မျက်စိခွဲစိတ်ကုသ၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးသည်။

 

ယနေ့ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) တွင် နေပြည်တော်အလင်းစီမံချက်ဖြင့် မြို့နယ်များမှ ညွှန်းပို့လာသည့် မျက်စိဝေဒနာရှင် (၄၅)ဦးကို စမ်းသပ်စစ်ဆေး ဆောင်ရွက်ပေးခဲ့ပြီး ခွဲစိတ်ကုသရန် လိုအပ်သည့် လူနာ (၂၇)ဦးကို အခမဲ့ မျက်စိခွဲစိတ်ကုသ​ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ပု​ဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစု၊ ကွက်သစ်ရပ်ကွက်အတွင်းရှိ ပညာ့အလင်းရောင် စာကြည့်တိုက်သို့ ရောက်ရှိပြီး စာကြည့်တိုက်တွင် စာအုပ်စာပေများ စုံစုံလင်လင်ထားရှိနိုင်ရေး၊ လူငယ်လူရွယ်များ စာဖတ်သည့် အခွင့်အလမ်းများရရှိရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားကြရရန်နှင့် လိုအပ်သည်များကို မှာကြားပြီး စာကြည့်တိုက်အတွက် ငွေပဒေသာပင်နှင့် ၃၈ ဖြာမင်္ဂလာ၊ ဗုဒ္ဓဝင်၊ ဘုရားရှိခိုးနှင့် ပြည်သူ့နီတိစာအုပ်များကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်