ငွေဆောင်ကမ်းခြေတွင် လာရောက်အပန်းဖြေသူ ခရီးသွားဧည့်သည်များ ယခင်နှစ်ကထက်ပိုမိုများပြား

ငွေဆောင် ၁၂ အောက်တိုဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ရှိ ငွေဆောင်ကမ်းခြေတွင် သီတင်းကျွတ်ရုံးပိတ်ရက်ရှည် ကာလတွင် လာရောက်အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။

 

ေ

 

ငွေဆောင်ကမ်းခြေသည် သဲသောင်ပြင်သန့်ရှင်းခြင်းနှင့် ပင်လယ်ရေကြည်လင်ခြင်းကြောင့် ပင်လယ်ရေစိမ်ခြင်း၊ ရေကူးခြင်းဖြင့် အနားယူရန် နေရာကောင်းဖြစ်၍ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ အထူးစိတ်ဝင်စားသည့် နေရာတစ်ခုဖြစ်သည်။

 

ေ

 

ငွေဆောင်ကမ်းခြေမှတစ်ဆင့် အနီးပတ်ဝန်းကျင်ရှိ ချစ်သူများကျွန်း၊ ငှက်ကျွန်း၊ မြွကျွေန်း၊ ဘုရားသုံးဆူနှင့် ဆင်စခန်းများသို့ သွားရောက်လည်ပတ်သူများ အထူးများပြားလျက်ရှိသည်။  အပန်းဖြေလာရောက်သူများ ဘေးကင်းလုံခြုံစွာ အနားယူအပန်းဖြေနိုင်ရေးအတွက် ငွေဆောင်ကမ်းခြေ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ကမ်းခြေစည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ထားရှိကြောင်း သိရသည်။ ခရီးသွားဧည့်သည်များသည် ယခင်နှစ်ကထက် ပိုမိုများပြားသဖြင့်ဟိုတယ်(၃၃)လုံးနှင့် တည်းခိုခန်းများတွင် အခန်းလွတ်များ မရှိသည်အထိ ငှားရမ်းရကြောင်း သိရသည်။

မူမူ(ပြန်/ဆက်)