ငွေဆောင်မြို့တွင် မဲဆန္ဒရှင်စာရင်းတွင်ပါဝင်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ကွင်းဆင်း ဆောင်ရွက်ပေး

ငွေဆောင်   ၂၈    ဇူလိုင်

 

ဧရာဝတီတိုင်းဒေသကြီး  ပုသိမ်ခရိုင် ငွေဆောင်မြို့တွင် ၂၀၂၀ပြည့်နှစ်  အထွေထွရွေးကောက်ပွဲတွင်  အသက်(၁၈) နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသော သူများအား ငွေဆောင်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့ဦးစီးမှူးရုံးမှ ကွင်းဆင်း၍ ယနေ့နံနက်ပိုင်းက  ကြက်တူရွေး ကျေးရွာအုပ်စု၌  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

mdn

 

ငွေဆောင်မြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် မဲဆန္ဒရှင်စာရင်း၌ ပါဝင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသား စိစစ်ရေးကတ် မရှိသူများအား စိစစ်တွေ့ရှိရ၍ ငွေဆောင်မြို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့ဦးစီးမှူးဦးသက်ခိုင်မှ ကွင်းဆင်းဆောင်ရွက် ပေးခြင်းဖြစ်ပြီး ကျန်ရှိနေသော ရပ်ကွက်/ကျေးရွာများတွင်လည်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မူမူသွင်(ပြန်/ဆက်)