ငါးလုပ်ငန်းဆိုင်ရာ ဘာသာရပ်ကို ရန်ကုန်တက္ကသိုလ်တွင် သင်ကြားမည်

၂၆ မေ

ငါးလုပ်ငန်းဆိုင်ရာ သီးခြားတက္ကသိုလ် မပေါ်ပေါက်ခင် ကာလအတွင်း ရန်ကုန်တက္ကသိုလ်တွင် ဘာသာရပ်တစ်ခုအနေဖြင့် ငါးလုပ်ငန်းဆိုင်ရာ ဘာသာရပ်တစ်ခုကို စတင်သင်ကြားပို့ချနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သတင်းရရှိသည်။

“ငါးလုပ်ငန်းဆိုင်ရာ တက္ကသိုလ်ကြီး ဖွင့်လှစ်ဖို့ ငါးလုပ်ငန်းဆိုင်ရာ ပညာရှင်တွေနဲ့ ဆွေးနွေးထားသလို အခုလာမယ့် ပညာသင်နှစ်မှာ ငါးနဲ့ ပတ်သက်တဲ့ ဘာသာရပ်ကို မေဂျာတစ်ခုအနေနဲ့ သင်ကြားနိုင်တော့မှာ ဖြစ် တယ်” ဟု အဆိုပါဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်ဦးလှထွန်းက ပြောသည်။

ငါးလုပ်ငန်းဆိုင်ရာ တက္ကသိုလ်တွင် ပထမနှစ်၊ ဒုတိယနှစ်ကို အထူးပြုဘာသာရပ်အဖြစ် သက်ကြားပေးမည်ဖြစ်ပြီး သင်ကြားနေစဉ်ကာလအတွင်း နေရာသတ်မှတ် ရွေးချယ်၍ တက္ကသိုလ်တည်ဆောက်သွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းငါးလုပ်ငန်း ဦးစီးဌာန တိုင်းဦးစီးမှူး ဦးထွန်းဝင်းမြင့်က ပြောသည်။

“ သင်ကြားရေး လုပ်ငန်းတွေကို ရန်ကုန်တက္ကသိုလ်မှာ စမယ်။ တည်ဆောက်ရေးလုပ်ငန်းတွေကို ပြီးသွားရင် ပြောင်းရွေ့သင်ကြားမယ်။ ရန်ကုန်တက္ကသိုလ်မှာ ရေလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ သင်ထောက်ကူ ပစ္စည်းတွေ အ သင့်ရှိလို့ စတင်သင်ကြားတာ ဖြစ်တယ်” ဟု ၎င်းက ဆက်လက် ပြောသည်။သင်တန်းကို ကျောင်းသားဦးရေ ၅၀ ဖြင့် စတင်သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

ငါးလုပ်ငန်းဆိုင်ရာ တက္ကသိုလ်သည် ရေထွက်ပစ္စည်းလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်ပြီး မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရှင်များ၊ ငါးလုပ်ငန်းဆိုင်ရာ တက္က သိုလ်တစ်ခု ဖြစ်လာစေရန် ဝန်ကြီးဌာနထံ တင်ပြပြီးနောက် အကောင်အထည် ဖော်လာခြင်းဖြစ်ကြောင်း သိရ သည်။

အဆိုပါ ဘာသာရပ် သင်ကြားသူများပြားလာပြီး ကျောင်းပြီးပါက လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက် လာနိုင်မည်ဖြစ်ခြင်းကြောင်း ရေထွက်ပစ္စည်းလုပ်ငန်းများဖွံ့ဖြိုးမှု အထောက်အကူများစွာ ရရှိလာနိုင်ကြောင်း မွေးမြူရေးလုပ်ငန်းရှင်များထံမှ သိရသည်။

ဇာလင်းသူ(AMIA)/ ဓာတ်ပုံ-ကေဇူး(AMIA)