ငဖဲ ၁၆ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား သုံးလတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိသော လူမှုရေး ပင်စင်ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ်ဖြစ်သည့် ဇူလိုင်၊ဩဂုတ်၊ စက်တင်ဘာလများအတွက် ဘိုးဘွားတစ်ဦးလျှင် ငွေကျပ်(၃၀ဝ၀ဝ)နှုန်းဖြင့် ငဖဲမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ သက်ကြီးဘိုးဘွား (၂၅၁)ဦးအား စုစုပေါင်း ထောက်ပံ့ငွေကျပ် ၇၅၃၀ဝ၀ဝ ကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း မှ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် ရပ်ကွက်၊ ကျေးရွာများမှ သက်ကြီးဘိုးဘွားများအား ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများကတစ်ဆင့် ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)