ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အတွက် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်း

ငဖဲ   ၈   ဧပြီ 

မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ရောဂါကာကွယ်ကုသရေးအတွက် အသုံးပြုနိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းအထူး(၁၁)အဖွဲ့ မင်းဘူးမြို့မှ လုပ်ငန်းသုံးပစ္စည်းများကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ လာရောက် လှူဒါန်းခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးအတွက် လုပ်ငန်းသုံးပစ္စည်းများအဖြစ် နှာခေါင်းစည်း(Mask) အခု ၅၀ဝ၊ လက်အိတ်အစုံ(၁၀ဝ)၊ အပူချိန်တိုင်း ကိရိယာတစ်ခု၊ Hand Gel(၄)ဗူးနှင့် အလှူငွေကျပ် တစ်သိန်းတို့ကို လမ်းအထူး(၁၁)အဖွဲ့၊ မင်းဘူးမြို့မှ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်ပိုနှင့် ဝန်ထမ်းများအဖွဲ့ကပေးအပ်လှူဒါန်းရာ ငဖဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုးမြင့်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆန်းထွန်းနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီဝင်တို့က လက်ခံရယူခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)