ငရုတ်ကောင်းမြို့ နံ့သာပု ကျေးရွာရှိ ဝပ်ရှော့အလုပ်ရုံငယ် မီးလောင်မှုဖြစ်ပွား

ငရုတ်ကောင်း  ၂၀   ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ နံ့သာပုကျေးရွာရှိ ဒေသအခေါ် ဂူချောင်းဝတွင်နေထိုင်သော ဦးသက်ဦးပိုင်ဝပ်ရှော့အလုပ်ရုံငယ်မှာ ဒီဇင်ဘာ ၁၉ ရက် ည ၈ နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားသော အလုပ်ရုံငယ်မှာသွပ်မိုး၊ ဓနိကာ အဆောက်အဦ ဖြစ်ပြီးပိုင်ရှင်ဖြစ်သူမှာ အခင်းဖြစ်ပွားပြီးချိန်တွင် တိမ်းရှောင်နေကြောင်း ငရုတ်ကောင်းနယ်မြေ မီးသတ်စခန်းမှ သိရသည်။

ပြုံးမောင်မောင်(ပြန်/ဆက်)