ငါးသိုင်းချောင်းမြို့ရှိ ဝါး၊ ဓနိပွဲရုံနှင့် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

ငါးသိုင်းချောင်း  ၁ ဇန်နဝါရီ

 

ပုသိမ်ခရိုင် ငါးသိုင်းချောင်းမြို့ မြို့သစ်ရပ်ကွက်တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ည ၈ နာရီ မိနစ် ၅၀ ခန့်က ထင်းမီးဖိုဖြင့် ရေနွေးအိုးတည်ထားရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

3

 

ဖြစ်စဉ်မှာ ငါးသိုင်းချောင်းမြို့ မြို့သစ်ရပ်ကွက်ရှိ ဒေါ်ခင်ဝင်း၏ ဝါး၊ ဓနိပွဲရုံ၌ ဒီဇင်ဘာ ၃၁ ရက် ည ၈ နာရီ မိနစ် ၅၀ ခန့်က ထင်းမီးဖိုဖြင့် ရေနွေးအိုးတည်ထားရာမှ အပူရှိန်လွန်ကဲပြီး မီးဖိုဘေးရှိထရံသို့ မီးကူးဆက်ကာ ၎င်းပွဲရုံအပါအဝင် ဘေးချင်းကပ်လျက်ရှိသည့် ဒေါ်ကျင်လှိုင်၏ နေအိမ်ကိုပါ မီးကူးစက် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ ရေကြည်မြို့နယ် မီးသတ်တပ်ဖွဲ့၊ ငါးသိုင်း‌ချာင်း နယ်မြေမီးသတ် တပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ် သုံးစီးနှင့် အထောက်အကူပြု ယာဉ်တစ်စီးတို့ဖြင့် ဒေသခံပြည်သူများနှင့်အတူ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ မိနစ် ၄၀ တွင် မီးငြိမ်းခဲ့သည်။

 

96

 

မီးလောင်မှုကြောင့် အုတ်ညှပ်၊ သွပ်မိုးပွဲရုံနှင့် ဝါး၊ ဓနိအိမ်ဆောက်ပစ္စည်းများ၊ သွပ်မိုး၊ ပျဉ်ထောင် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ ငါးသိုင်းချောင်း နယ်မြေရဲတပ်ဖွဲ့စခန်းမှ စုံစမ်းစစ်ဆေးကာ အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

စိုးမင်းဦး(ပြန်/ဆက်)