ငဝန်မြစ်ရေ တိုက်စားမှုကြောင့် ပြောင်းရွှေ့ အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်

လေးမျက်နှာ  ၂၁  သြဂုတ်


ငဝန်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုပြောင်းရွှေ့ အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို သြဂုတ် ၂၀ ရက်က ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် သောင်ဘုတ်ကျေးရွာတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။


လေးမျက်နှာမြို့နယ် သောင်ဘုတ်ကျေးရွာတွင် သြဂုတ် ၁၆ ရက်က ငဝန်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျရာတွင် နေအိမ်နှစ်လုံး ပြောင်းရွှေ့ခဲ့ရပြီး ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက  ကယ်ဆယ်ရေး ရန်ပုံငွေများကို ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်သည်။


ထိုသို့ ပေးအပ်ရာတွင် ပြောင်းရွှေ့ခဲ့ရသော အိမ်နှစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ နှစ်သိန်းကျပ်နှင့် တစ်ပတ်စာ ဆန်ရိက္ခာဖိုး ၁၆၈၀ဝ ကျပ် စုစုပေါင်း ၂၁၆၈၀ဝ ကျပ်ကို တာဝန်ရှိသူများက ကမ်းပြိုပြောင်းရွှေ့ အိမ်ထောင်စုဝင်များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ရွှေမိုး(ပြန်/ဆက်)