နေပြည်တော်၊ ဒီဇင်ဘာ ၁၄
မိဘပြည်သူများ ဇာတ်သဘင်ဖျော်ဖြေ တင်ဆက်မှုဖြင့် စိတ်အပန်းပြေစေရန်၊ လူငယ်လူရွယ်များ ဗုဒ္ဓဝင်ဇာတ်နိပါတ်တော်များအကြောင်း သိရှိနားလည်ပြီး အသိပညာဗဟုသုတ ရရှိနိုင်ရန်နှင့် သဘင်ပညာရှင်များ၏ အနုပညာစွမ်းရည်များ ဖော်ထုတ်ပြသနိုင်ရန် ရည်ရွယ်ချက်များဖြင့် “နိပါတ်တော်လာ ဇာတ်သဘင် မဟာအစီအစဉ်” ဆန်းသစ်တင်ဆက်မှုကို အောက်တိုဘာ ၂၂ ရက်မှ စတင်၍ အပတ်စဉ်စနေနေ့ ညတိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသလျက်ရှိသည်။
အဆိုပါ အစီအစဉ်မှ “မဟောသဓာ မယားတရားစီရင်ခန်း” ဇာတ်တော်ကို သဘင်ပညာရှင် ပတ္တမြားကေခိုင်စီစဉ်ပြီး Art Director ဆန်းမင်း၏ အနုပညာဖန်တီးမှု၊ ရွာစားဝါးခယ်မစိန်မုန့်လုံး၏တီးခတ်မှု ဘွန်း၊ ဆန်းနေအောင်၊ ပေါက်ကျော်၊ ပေါက်မဲ၊ ဦးဝါဝင်း၊ ချမ်းချမ်းမိုး၊ မစိမ်းစိမ်းတို့နှင့်အတူ သဘင်ပညာရှင်များက ပါဝင်တင်ဆက်ကြမည်ဖြစ်သည်။
ထိုသို့တင်ဆက်မှုကို ဒီဇင်ဘာ ၁၇ ရက်၊ စနေနေ့ ည(၉)နာရီခန့်တွင် ပြသမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၁ ရက် ဗုဒ္ဓဟူးနေ့၊ ညနေ ၆ နာရီခွဲတွင်လည်း ပြန်လည်ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်