နိုဘယ်ဆုပေးအခမ်းအနား ကပ်ရောဂါဖြစ်ပွားနေတဲ့ အတွက်ကြောင့် မကျင်းပဖြစ်ကြောင်း ကြေညာ

၂၂ ဇူလိုင်

 

နိုဘယ်ဆုပေးအခမ်းအနားဟာ ပုံမှန်အားဖြစ် ဒီဇင်ဘာလမှာ ကျင်းပလေ့ရှိပေမယ့် ဒီနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်ပွားနေတဲ့အတွက် ဆုပေးပွဲအခမ်းအနားကို မကျင်းပဖြစ်ကြောင်း နိုဘယ်ဖောင်ဒေးရှင်းက အင်္ဂါနေ့မှာ ကြေညာလိုက်ပါတယ်။

 

နိုဘယ်ဆုပေးပွဲအစီအစဉ်ကို ပုံစံအသစ်နဲ့ ကျင်းပသွားမှာဖြစ်ပြီး ဆုပေးပွဲအခမ်းအနား မကျင်းပဖြစ်တာ ၁၉၅၆ ခုနှစ်ကစပြီး နှစ်ပေါင်း ၆၄ နှစ်အတွင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် မကျင်းပနိုင်တာလို့ သိရပါတယ်။

 

နိုဘယ်ဆုပေးအခမ်းအနားဟာ ပုံမှန်ဆိုရင် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ နိုဘယ်ဆုရှင်တွေနဲ့အတူ ဆွီဒင်တော်ဝင်မိသားစုနဲ့ ဖိတ်ကြားခံ ဧည့်သည် ၁,၃၀၀ နီးပါး တက်ရောက်လေ့ရှိတဲ့ ဆုပေးပွဲအခမ်းအနားကို စတော့ဟုမ်းမြို့တော်ခန်းမမှာ ကျင်းပလေ့ရှိပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့ဟာ နိုဘယ်ဆုရဲ့ဖခင်ကြီး အဲဘတ်နိုဘယ် ကွယ်လွန်တဲ့နေ့ကို အထိမ်းအမှတ်အနေနဲ့ ကျင်းပတာလို့ သိရပါတယ်။

 

ဒီနှစ်အတွက် ဆုပေးအပ်ပွဲအခမ်းအနားကို ဆုရှင်များရဲ့ နိုင်ငံ သို့မဟုတ် သံရုံးများတွင် ကျင်းပသွားနိုင်ကြောင်း နိုဘယ်ဖောင်ဒေးရှင်းရဲ့ ဒါရိုက်တာက အရိပ်အမြွက် ပြောကြားပါတယ်။

 

၂၀၂၀ ပြည့်နှစ်အတွက် ဆေးပညာ၊ ရူပဗေဒ၊ ဓါတုဗေဒ၊ စာပေ၊ စီးပွားနဲ့ ငြိမ်းချမ်းဆုရှင်စာရင်းကို စီစဉ်ထားတဲ့အတိုင်း အောက်တိုဘာ ၅ ရက်မှ ၁၂ အတွင်း ကြေညာသွားဖို့ ဖောင်ဒေးရှင်းက ဆိုပါတယ်။

 

MDN

ကိုးကား- AFP