နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်သို့ အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပ ရောက်ရှိနေသူများ၏ ပုံစံ ( ၁၅ ) များ ပထမအကြိမ် ပေးအပ်

နေပြည်တော် ၁၇ ဩဂုတ်

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသူများ ကြိုတင်ဆန္ဒမဲ လက်မှတ်ဖြင့် ကြိုတင်မဲပေးနိုင်ရန်အတွက် ပုံစံ ( ၁၅ ) များကို သက်ဆိုင်ရာ မြန်မာ သံရုံးများ၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဇူလိုင် ၁၆ ရက်မှ ဩဂုတ် ၅ ရက်အတွင်း ပေးပို့နိုင်ကြောင်း ကြေညာချက်အမှတ် ( ၁၁၈ / ၂၀၂၀ ) ဖြင့် ဇူလိုင် ၂ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။

 

ထိုထုတ်ပြန်ချက်အရ မြန်မာသံရုံးများ၊ အဖွဲ့ရုံး နှင့် ကောင်စစ်ဝန်ချုပ်ရုံးများက အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပ ရောက်ရှိနေသူများ ပေးပို့လာသည့် ပုံစံ ( ၁၅ ) များကို လက်ခံရယူခဲ့ပြီး ရုံး ( ၃၁ ) ရုံးမှ လက်ခံရရှိခဲ့သည့် ပုံစံ ( ၁၅ ) စုစုပေါင်း ( ၄၆၃၁၇ ) စောင်ကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးဝင်းက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲရင့်လွင်ထံသို့ ဩဂုတ် ၁၄ ရက်တွင် ပထမအကြိမ်အဖြစ် လွှဲပြောင်း ပေးအပ်ခဲ့သည်။

 

Credit> Union Election Commission