နိုင်ငံသားစိစစ်ရေးကဒ်နှင့် အိမ်ထောင်စုဇယားများ ကွင်းဆင်းပြုလုပ်ပေး

ကျောင်းကုန်း ၁၄  ဇူလိုင်

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မြို့သစ်မူလတန်းကျောင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုဇယားများကို ယနေ့နံနက် ၈နာရီအချိန် ကွင်းဆင်းပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

 

လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ အသက်(၁၈)နှစ်ပြည့်ပြီးသူများ မဲထည့်နိုင်မည့် အခွင့်အရေးရရှိရန် နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ရှိရန် လိုအပ်ချက်ကြောင့် ယခုလို ကွင်းဆင်းပြုလုပ်ပေးခြင်းဖြစ်ကြောင်း အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်း က ပြောသည်။

 

ကျောင်းကုန်းမြို့တွင် ရပ်ကွက်(၃)ခု ရှိသည့်အနက် အမှတ်(၂)ရပ်ကွက်သည် မြို့ပေါ်ရပ်ကွက် ဖြစ်သည်နှင့်အညီ ရပ်ကွက်နေပြည်သူများအားလုံး အသက်(၁၀)နှစ်ပြည့်ပြီးသူမှစ၍ နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ် ပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့်ပြီးသူများ (၁၀)နှစ်ပြည့်ကတ် ဟောင်း လဲပေးခြင်း၊‌ ပျောက်ဆုံး/ပျက်စီးသွားသူများအား ထောက်ခံချက်ဖြင့် ပြန်လည်ပြုလုပ်ပေးခြင်းနှင့် အိမ်ထောင်စုဇယားများ ပြုလုပ်ပေးခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယလ.ဝ.ကမှူး ဒေါ်နီလာဦးနှင့်အဖွဲ့က ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)