နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး(၃/၂၀၂၁)တွင် ပြောကြားသည့် အမှာစကား

နေပြည်တော်၊  ၁၁ မတ်

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့စီမံခန့်ခွဲရေးကော်မတီ၏ အဓိကလုပ်ငန်းတာဝန်မှာ တိုင်းပြည်၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံတကာ ဆက်ဆံရေးကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ မိမိတို့ တာဝန်ယူဆောင်ရွက်ခဲ့သည့် တစ်လကျော်ကာလအတွင်း တချို့ လုပ်ငန်းများ ရာနှုန်းပြည့်အောင်မြင်မှုများရှိပြီး ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းကိစ္စရပ်များကိုလည်း ဖြစ်နိုင်သည့်လမ်းကြောင်းများမှ ဖြစ်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့ စတင်တာဝန်ယူသည့်အချိန်မှစ၍ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင် COVID-19 ကြောင့် ယိုင်နဲ့ သွားသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်တည့်မတ်အောင် ဆောင်ရွက်ရမည်ဟု ပါရှိကြောင်း၊ တိုင်းပြည်၏အဓိကမောင်းနှင်အားသုံးခုတွင် စီးပွားရေး သည် ပို၍အဓိကကျကြောင်း၊ ဦးတည်ချက် ၉ ရပ်တွင်ပါဝင်သည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးကို အဓိကလုပ်ရန်၊ ဈေးကွက်စီးပွားရေးကို ပီပီပြင်ပြင်ဖော်ဆောင်၍ နိုင်ငံတကာရင်းနှီး မြှုပ်နှံမှုများကိုဖိတ်ခေါ်ရန်နှင့် အဆိုပါအချက်များနှင့် ဆက်စပ်သည့် ပြည်တွင်းစီးပွားရေးလုပ်ငန်း SME များကိုလည်း အားပေးကူညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရောင်းကုန်ပစ္စည်းများ ပိုမိုထုတ်လုပ်ရရှိ မောင် မျှော်မှန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ စီးပွားရေးကောင်းမွန်လာပါက ဝယ်လိုအားကောင်းမွန်လာပြီးရောင်းလိုအားကောင်း၍ လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်လာမည် ဖြစ်ကြောင်း၊ စီးပွားရေးဆိုင်ရာလုပ်ငန်းများ ရေတို/ရေရှည် ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများအလိုက် ဆောင်ရွက်သွားကြရန်နှင့် အခြားဌာနများအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ခြင်း၊ အကြံဉာဏ်ပေးဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများ ပိုမိုတိုးတက် အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံ၏ စီးပွားရေးကို အလျင်အမြန် အထောက်အကူပြုနိုင်သည့် ခရီးသွား လုပ်ငန်းအောင်မြင်ရေးအတွက် အားလုံးဝိုင်းဝန်းကူညီ ဆောင်ရွက်သွား ကြရန်လိုကြောင်း၊ ခရီးသွားလုပ်ငန်းသည် အောက်ခြေမှစ၍ နယ်ပယ် အားလုံးကို အကျိုးပြုသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း။

ပြောကြား

ဝန်ကြီးဌာနများတွင် ဝန်ထမ်းများ တာဝန်ထမ်းဆောင်မှု၊ လုပ်ငန်းများဆောင်ရွက်မှုနှင့်ပတ်သက်၍ မိမိတို့သည် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို သွားနေခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်သည် ဝါဒ မဟုတ်ဘဲ ကျင့်စဉ်တစ်ခုသာဖြစ်ပြီး ဝန်ကြီးဌာနများအနေဖြင့် ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မိမိတို့ လက်အောက်ဝန်ထမ်းများကို နားလည်အောင် ရှင်းလင်းပြောကြား ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဝန်ထမ်းများ ရာထူးတိုးမြှင့်ရေးများနှင့် ပတ်သက်၍ လုပ်ငန်းကျွမ်းကျင်ပြီး နိုင်ငံတော်အပေါ် သစ္စာစောင့်သိသူများကိုလည်း ထိုက်သင့်သည့်အဆင့်သို့ တိုးမြှင့်ပေးရန် ပြောကြားပြီးဖြစ်ကြောင်း၊ ဝန်ထမ်းများ လုပ်ငန်းကျွမ်းကျင်ရန် အတွက် လက်တွေ့ လုပ်ငန်းများတွင် သင်ကြားပေးခြင်းနှင့် သင်တန်းကျောင်းများတွင် သင်ကြားပေးခြင်းဖြင့် ဌာနအတွင်း အထက်အောက်ရိုသေလေးစားမှုများ ဖြစ်ပေါ်ပြီး စည်းလုံးညီညွတ်လာမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကိုသွားရာတွင် ပရမ်းပတာဆောင်ရွက်၍မရဘဲ စည်းကမ်းနှင့်သာသွားရန်လိုကြောင်း၊ ထို့ကြောင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြင်မှုရရှိစေရန်အတွက် မိမိတို့သက်ဆိုင်ရာဌာနအလိုက် ဒီမိုကရေစီကျင့်စဉ်နှင့်အညီသာ ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

သတင်းစဉ်