နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၈/၂၀၂၁)တွင် ပြောကြားသည့်အမှာစကား

နေပြည်တော်၊  ၃၀ မတ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ အနေဖြင့် တာဝန်ယူဆောင်ရွက်ခဲ့သည်မှာ နှစ်လတာ အချိန်ကာလသို့ ရောက်ရှိလာပြီဖြစ်ကြောင်း၊ မည်သည့်အတွက်ကြောင့် တာဝန်ယူခဲ့သည်ကို အကြိမ်ကြိမ် ရှင်းလင်းပြောကြားခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် လွှတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး အကြိမ်ကြိမ်ပြောကြားခြင်းများ ပြုလုပ်ခဲ့သော်လည်း မဲမသမာမှုများဖြင့် အစိုးရဖွဲ့ရန် ဆက်လက်ဆောင်ရွက်ခဲ့ခြင်းကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ကို အရေးပေါ် အခြေအနေကြေညာပြီး တပ်မတော်ကို လိုအပ်သလို အရေးယူဆောင်ရွက်ရန်အတွက် တာဝန်လွှဲအပ်ခြင်း ဖြစ်ကြောင်း၊ ဒီမိုကရေစီ မရင့်ကျက်သေးသည့် နိုင်ငံဖြစ်ခြင်းကြောင့် သဘောရိုးဖြင့် မဲစာရင်းမှား ယွင်းမှုများရှိနိုင်သော်လည်း ယခုဖြစ်ပေါ်ခဲ့သည့် မဲစာရင်းမှားယွင်းမှုများသည် စနစ်တကျဖြင့် မှားယွင်းစေရန် ဆောင်ရွက်ခဲ့သည်ကို စိစစ်တွေ့ရှိရကြောင်း၊ မဲပေးပိုင်ခွင့်ရှိသူ ၃၉ သန်းကျော်တွင် ၁၀ ဒသမ ၄ သန်းမှာ မှတ်ပုံတင်မရှိဘဲ မဲပေးမှုများနှင့် သံသယဖြစ်ဖွယ်မဲပေးမှုများကို စိစစ်တွေ့ရှိရကြောင်း၊ ၂၅ ရာခိုင်နှုန်းကျော် မဲသံသယဖြစ်ဖွယ် ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရသဖြင့် ရှင်းလင်းရန် ပြောကြားခဲ့ သော်လည်း ရှင်းလင်းပေးမှုမရှိခဲ့ကြောင်း။
ဒီမိုကရေစီစနစ်ကို ပြက်ရယ်ပြု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ရာ တွင်လည်း ပြည်သူများမှရွေးချယ်သည့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းကို သွားနိုင်ရန်ဖြစ်ကြောင်း၊ နိုင်ငံများအလိုက် ဒီမိုကရေစီစနစ် ကျင့်သုံးသည့် စနစ်နှင့် ပုံစံများမတူနိုင်ကြောင်း၊ အနောက်ဥရောပ နိုင်ငံများတွင်ပင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူညီ သကဲ့သို့ မိမိတို့အာရှနိုင်ငံများတွင်လည်း အလား တူပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း မိမိတို့ နိုင်ငံ၏ လက်ရှိအခြေအနေနှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို သွားရမည်ဖြစ်ကြောင်း၊ ဒီမို ကရေစီစနစ်ကို လျှောက်လှမ်းရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ခြိမ်းခြောက်၍ မဲပေးခိုင်းခြင်း မဟုတ်ဘဲ ပြည်သူများ၏ဆန္ဒအရ ဆန္ဒမဲများ ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူများရွေးချယ်ထားသည့် ဒီမိုကရေစီစနစ် မယိမ်းမယိုင် လျှောက်လှမ်းနိုင်ရန်အတွက် ယခုအခါတွင်လည်း စုပေါင်းဦးဆောင်မှု ဖြင့်သာ ဆောင်ရွက်လျက်ရှိပြီး အရပ်ဘက် အုပ်ချုပ်ရေးအဖွဲ့အစည်းများဖြင့်သာ ဆောင်ရွက်လျက်ရှိ၍ တပ်မတော်မှ ဝန်းရံပေးနေခြင်းသာဖြစ်ကြောင်း၊ ပြည်သူများ မျှော်မှန်းထားသည်မှာ စစ်မှန်သည့် ပါတီစုံဒီမိုကရေစီစနစ်ဖြစ်သော်လည်း တတိယ သက်တမ်းအတွက် ရွေးကောက်ပွဲပြုလုပ်ချိန်တွင် မဲမသမာမှုများ ပြုလုပ်၍ ပြည်သူများရွေးချယ်ထားသည့် ဒီမိုကရေစီစနစ်ကို ပြက်ရယ်ပြုပြီး ပြည်သူလူထုကို စော်ကားခြင်းဖြစ်ကြောင်း၊ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုများကြောင့် မဖြစ်သင့်သည်များ ဖြစ်ပေါ် လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် စစ်မှန်သည့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းဖြစ်ပေါ်စေရေး တပ်မတော် အနေဖြင့် ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချထားကြောင်း၊မိမိတို့နိုင်ငံ တိုးတက်ကောင်းမွန်စေရေးအတွက် ဆောင်ရွက်နေခြင်း ဖြစ်သဖြင့် အောင်မြင်မည်ဟု ယုံကြည်ကြောင်း၊ တိုင်းပြည်တိုးတက်ကောင်းမွန်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း၊ လွှတ်တော်အတွင်း မျှတမှုရှိရန်အတွက် PR စနစ်ကျင့်သုံးနိုင်ရေး စဉ်းစားသုံးသပ်ဆွေးနွေးရန် လိုကြောင်း။
ဥပဒေနှင့်အညီသာ ဆောင်ရွက်လျက်ရှိ မိမိတို့ စတင်တာဝန်ယူပြီး၃ရက်မြောက်နေ့မှစ၍ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒဖော်ထုတ်မှုများဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်းတွင် ဆန္ဒပြမှုအဆင့်မှ ဆူပူမှု၊ အကြမ်း ဖက်မှု၊ မီးရှို့ ဖျက်ဆီးမှု၊ လုယက်တိုက်ခိုက်မှုနှင့် သတ်ဖြတ်မှုများဖြစ်ပေါ်လာကြောင်း၊ အဆိုပါဖြစ်စဉ် များကို ရှင်းလင်းရာတွင်လည်း ဥပဒေနှင့်အညီသာ အဆင့်ဆင့်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာ တွင် ဖြစ်ပေါ်လျက်ရှိသည့် ဆူပူဆန္ဒပြမှုများကို ဖြေရှင်းရာတွင် ဒီမိုကရေစီလမ်းကြောင်းပေါ်ကာလ ရှည်ကြာစွာ လျှောက်လှမ်းလျက်ရှိသည့် နိုင်ငံများ၌ အရေးယူဖြေရှင်းဆောင်ရွက်မှုများမှာ မိမိတို့နိုင်ငံ ထက် ပိုမိုပြင်းထန်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ဆူပူမှုများ ဖြစ်ပေါ်ချိန်တွင် ပွဲလန့်တုန်းဖျာခင်းသည့်အနေဖြင့် အချို့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များက တပ်မတော်စခန်းများနှင့် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့စခန်းအချို့ကို တိုက်ခိုက်ခြင်းများရှိခဲ့ကြောင်း၊ နိုင်ငံရေးခံယူချက်များကြောင့် ဆောင်ရွက် ခြင်းမဟုတ်ဘဲ နောက်ကွယ်မှ ပြည်ပနိုင်ငံများက ထောက်ပံ့ပေးမှုများကြောင့် ဆောင်ရွက်နေသည်ကို သိရှိရကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် တုံ့ပြန်မှုများ ဆောင်ရွက်ခဲ့ရကြောင်း၊ မိမိတို့အနေဖြင့် တိုင်းရင်းသားအချင်းချင်းဖြစ်ခြင်း၊ NCA လက်မှတ် ရေးထိုးထားခြင်း၊ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် လျှောက်လှမ်းလိုခြင်းနှင့် ဒီမိုကရေစီစနစ်ကို ကျင့်သုံး ပြီး တိုင်းပြည်တိုးတက်အောင် ဆောင်ရွက်လိုခြင်းများကြောင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း၊ သို့သော် NCA ကို ချိုးဖောက်ခြင်းများကြောင့် အရေးယူတုံ့ပြန်ခြင်းဖြစ်ကြောင်း၊ အဆိုပါ ဖြစ်စဉ်များကို ကြည့်ခြင်းအားဖြင့် အဆိုပါအဖွဲ့များ သည် ငြိမ်းချမ်းရေးလိုချင်သည့် အဖွဲ့ အစည်းများ ဟုတ်၊ မဟုတ် သိနိုင်ကြောင်း။
ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကောင်စီမှ ရှေ့လုပ်ငန်းစဉ် (၅)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိရာ မဲစာရင်းစစ်ဆေးခြင်း အပါအဝင် လုပ်ဆောင်ရမည့်ကိစ္စရပ်များကို ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း၊ COMID-19 ထိန်းချုပ်ရေး ဆောင်ရွက်ခြင်းနှင့် COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ကျဆင်းခဲ့သည့် စီးပွားရေးပြန်လည် တိုးတက်အောင် ဆောင်ရွက်ခြင်းတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်စည်ပို့ဆောင်မှုများ ပြန်လည်ချောမွေ့အောင် ဆောင်ရွက်ပေးနိုင်ပါက စားရေးတွင် အဆင်ပြေလာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ကျေးလက်ကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းများကို ပစ်ပယ်၍ မရကြောင်း၊ စီးပွားရေးမြှင့်တင်မှုများ ဆောင်ရွက်ချိန်တွင် ကျေးလက်နှင့် မြို့ပြကွာခြားချက်များ အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ရန်လိုကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးသိပ္ပံနှင့် မွေးမြူရေးသိပ္ပံများ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေကြောင်း၊ အသိပညာ၊ အတတ်ပညာများရရှိအောင် ဆောင်ရွက်၍ ကျေးလက်နေပြည်သူများ၏ ဘဝကို အာမခံချက်ရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး လိုအပ်သည့် ငွေကြေးနှင့် နည်းပညာများကို ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးချေးငွေများနှင့်ပတ်သက်၍တောင်သူများထံသို့ စိုက်ပျိုးရေး ချေးငွေထုတ်ပေးရာတွင် အဆင့်ဆင့်ဆောင်ရွက်ခြင်းမဟုတ်ဘဲ အတိုဆုံး လမ်းကြောင်းဖြင့် ဆောင်ရွက်ပေးမှသာ တောင်သူများအနေဖြင့် ထိရောက်သောသက်သာမှု ရရှိနိုင်မည် ဖြစ်ကြောင်း၊ မိမိတို့ကောင်စီအနေဖြင့် တောင်သူများ၏ဘဝ၊ ကျေးလက်နေပြည်သူများ၏ဘဝတိုးတက်အောင် စဉ်းစားဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆောင်ရွက်ပေးရမည်။
သဘာဝပတ်ဝန်းကျင်များ ထိခိုက်ပျက်စီးမှု များပြားလာသည့်အတွက် ရာသီဥတုပူပြင်းလာသည် ကို တွေ့ရှိရကြောင်း၊ ဒေသရာသီဥတုနှင့်ကိုက်ညီပြီး အရည်အသွေးပြည့်မီသည့် သီးနှံပင်များ စိုက်ပျိုး နိုင်ရန် လိုအပ်ကြောင်း၊ ကမ္ဘာပေါ်တွင် အဓိက စားသုံးသည်မှာ ဆန်နှင့် သီးနှံပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သဖြင့် နိုင်ငံ တစ်ဝန်းလုံး ဆန်၊ စပါးဖူလုံစေရန်နှင့် သွားလာမှု အဆင်ပြေစေရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ရေသုံးစွဲမှုကိုလည်း ချွေတာသုံးစွဲရန်အတွက် ပညာပေးမှု၊ လှုံ့ဆော်မှုများကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ရွှေ့ပြောင်း တောင်ယာခုတ်ထွင်ခြင်းကို ထိန်းသိမ်း၍ ကုန်းမြင့်လယ်ယာအဖြစ် အဆင့် မြှင့်တင်ဆောင်ရွက်ရန်လိုပြီး လိုအပ်သည့် စိုက်ပျိုး ရေရရှိရေးကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုကြောင်း၊ မိမိတို့လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်အကျိုးအတွက် ဆောင်ရွက်ကြရန် လိုကြောင်းပြောကြားသည်။

သတင်းစဉ်