နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ၂၀၂၄ ခုနှစ် (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော်     မေ   

 

၂၀၂၄ ခုနှစ် (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး   မင်းအောင်လှိုင်   တက်ရောက်ချီးမြှင့်သည်။

 

အခမ်းအနားသို့    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ  ကောင်စီတွဲဖက် အတွင်းရေးမှူး     ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ  ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး  မြထွန်းဦး၊  ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊   ဒေါ်ဒွဲဘူ၊   မန်းငြိမ်းမောင်နှင့် ဦးရွှေကြိမ်း၊   ပြည်ထောင်စုဝန်ကြီးများနှင့်   ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ် ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျောက်မျက် လုပ်ငန်းရှင်များ အသင်းမှတာဝန်ရှိသူများနှင့်   ဖိတ်ကြားထားသူများ၊   ပြည်တွင်း၊ ပြည်ပမှ  ကျောက်မျက် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများ သည်   မြန်မာ့ပုလဲ များ ထုတ်လုပ်မှုနှင့် ရောင်းချနိုင်မှု၊ ကျောက်မျက်ရတနာပစ္စည်းများ ထုတ်လုပ်မှုနှင့်  ၂၀၂၄ ခုနှစ် (၅၉)ကြိမ်မြောက်မြန်မာ့ကျောက်မျက် ရတနာပြပွဲ အခမ်းအနားကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့မှု ဗီဒီယို မှတ်တမ်းအား ကြည့်ရှုကြသည်။

 

ယင်းနောက်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက် လာကြသူများသည် ၂၀၂၄ ခုနှစ် (၅၉ကြိမ် မြောက်    မြန်မာ့ကျောက်မျက် ရတနာပြပွဲ၌  ရောင်းချရန်  မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း   ပြသထားသော ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများကို    လိုက်လံ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

ထို့နောက်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပုဂ္ဂလိက  ကျောက်မျက်ရတနာ  အချောထည် အရောင်းပြခန်းများ ဖွင့်လှစ်ရောင်းချနေမှုကို   လိုက်လံကြည့်ရှုအားပေးပြီး ခန်းမအပြင်ဘက်တွင် ခင်းကျင်း ပြသထားသည့် ကျောက်စိမ်းရိုင်း အတွဲများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

 

နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများ ရရှိနိုင်စေရန် အတွက် တူးဖော်ထုတ်လုပ်ထားသည့် ကျောက်မျက်ရတနာများကို  ရောင်းချနိုင်မည့်   မြန်မာ့ကျောက်မျက်  ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ပြီး ယခုပြပွဲတွင်    ပုလဲအတွဲပေါင်း ၄၀၀၊ ကျောက်မျက် အတွဲပေါင်း ၁၆၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၄၅၅၀ တို့ကို   ပြည်တွင်းပြည်ပ တနာကုန်သည်များအား အိတ်ဖွင့် တင်ဒါစနစ်ဖြင့်       စည်းမျည်း စည်းကမ်း သတ်မှတ်ချက်များနှင့် အညီ   ရောင်းချပေးသွားမည်ဖြစ် သည်။  ပုလဲအတွဲ၊ ကျောက်မျက် အတွဲ၊  (A)နှင့်(B)အုပ်စုမှ ကျောက် စိမ်းအတွဲများ   ရောင်းချရာတွင် အခြေခံဈေးကို    အမေရိကန် ဒေါ်လာဖြင့် သတ်မှတ်ထားရှိပြီး (C)အုပ်စုမှ ကျောက်စိမ်းအတွဲများ အတွက် အခြေခံဈေးကို မြန်မာ ကျပ်ငွေဖြင့်   သတ်မှတ်ထား၍ ပုလဲအတွဲ၊ ကျောက်မျက်အတွဲ၊  (A)နှင့်  (B)အုပ်စုမှ  ကျောက်စိမ်း အတွဲများအတွက် အာမခံ စပေါ်ငွေကို ပြည်ပရတနာကုန်သည်များအနေဖြင့်   အမေရိကန်ဒေါ်လာ အပြင်   အမေရိကန်ဒေါ်လာနှင့် ညီမျှသည့် ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်း ဘတ်ငွေတို့ဖြင့် ပေးသွင်းနိုင်ပြီး ပြည်တွင်း ရတနာကုန်သည်များ က မြန်မာကျပ်ငွေဖြင့် ပေးသွင်းနိုင်ကာ ပြည်တွင်းရတနာ ကုန်သည်များသာ ဝယ်ယူခွင့်ရှိသည့် (C)အုပ်စုမှ ကျောက်စိမ်း အတွဲများအတွက် အာမခံစပေါ်ငွေကို  မြန်မာကျပ်ငွေဖြင့်  ပေးသွင်းနိုင်မည်ဖြစ်သည်။

 

ပြည်တွင်း၊      ပြည်ပရတနာ ကုန်သည်များအနေဖြင့်   ဝယ်ယူ ခွင့်ရရှိသည့် (A) အုပ်စုမှ ကျောက် စိမ်းအတွဲများ အတွက် တန်ဖိုးငွေကို    အမေရိကန်ဒေါ်လာအပြင် အမေရိကန်ဒေါ်လာနှင့် ညီမျှသော ယူရိုငွေ၊  ထိုင်းဘတ်ငွေ၊  ယွမ်ငွေများဖြင့် ပေးချေရမည်ဖြစ်ပြီး ပုလဲအတွဲ၊    ကျောက်မျက်အတွဲ၊ (B) အုပ်စုမှ ကျောက်စိမ်းအတွဲများ ကို   ဝယ်ယူခွင့်ရရှိသော   ပြည်ပရတနာကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာအပြင် အမေရိ ကန်ဒေါ်လာနှင့် ညီမျှသော  ယူရို ငွေ၊ ထိုင်းဘတ်ငွေ၊ ယွမ်ငွေများဖြင့်လည်းကောင်း၊ ပြည်တွင်းရတနာ ကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာအပြင်    အမေရိကန် ဒေါ်လာနှင့်ညီမျှသော    မြန်မာကျပ်ငွေဖြင့်လည်းကောင်း တန်ဖိုးငွေကို ပေးချေရမည်ဖြစ်သည်။ (C) အုပ်စုမှ ကျောက်စိမ်းအတွဲများကို ပြည်တွင်း  ရတနာကုန်သည်များသာ ဝယ်ယူခွင့်ရ မည်ဖြစ်ပြီးတန်ဖိုးငွေကို မြန်မာကျပ်ငွေဖြင့် ပေးချေရမည်ဖြစ်သည်။ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား  အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးသွားမည်ဖြစ်ပြီး ယခုကျင်းပပြု လုပ်သည့်     (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို  မေ  ၃  ရက်မှ  ၁၂ ရက်အထိ ခင်းကျင်းပြသ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။                     

သတင်းစဉ်