နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမ၌ တွေ့ဆုံရာတွင်  ပြောကြားသည့် အမှာစကား

နေပြည်တော်၊  ၂၉ မတ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများကို အရာရှိ၊ စစ်သည် မိသားစုများ သိရှိစေရန် အနည်းငယ်ပြောကြားလိုကြောင်း၊ ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ကြောင်း၊ နိုင်ငံတကာ၌ သဘာဝဘေးအန္တရာယ်ကြုံတွေ့ချိန်၊ ကပ်ရောဂါ ကြုံတွေ့ချိန်၊ လုံခြုံရေးအရ ဥပဒေကြောင်းအရ ပိုမိုထိန်းသိမ်း ဆောင်ရွက်ရန် လိုအပ်ချိန်များတွင် အရေးပေါ်အခြေအနေကို ကြေညာလေ့ရှိကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများနှင့် မဲစာရင်းမှားယွင်းမှုများကို ဒီမိုကရေစီ နည်းလမ်းများနှင့်အညီ အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်ရန် ကြိုးစားခဲ့သော်လည်း မည်သို့မျှ ဆွေးနွေးညှိနှိုင်းဖြေရှင်းမရသည့်အပြင် တတိယအကြိမ် လွှတ်တော်ခေါ်ယူ၍ အစိုးရအသစ်ဖွဲ့ရန် အတင်းအဓမ္မကြံစည် ကြိုးပမ်းလာမှုများကြောင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးပြုလုပ်ကာ နိုင်ငံတော်ကို နိုင်ငံရေးအရ၊ အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပြီး ယာယီသမ္မတက တပ်မတော်ကို ထိန်းသိမ်းဆောင်ရွက်ပေးရန် တာဝန်ပေးအပ်လာခဲ့ခြင်း၊ ဖြစ်ကြောင်း။
မိမိအနေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)သို့ ရွေးကောက်ပွဲမတိုင်မီကာလတွင် လာရောက်ခဲ့ပြီး တပ်မတော်သားများ၊ မိသားစုများနှင့် တွေ့ဆုံစဉ် ရွေးကောက်ပွဲနှင့်ပတ်သက်၍ တရား မျှတပြီး ရိုးသားသည့် ရွေးကောက်ပွဲဖြစ်စေလိုကြောင်း၊ မိမိဒေသနှင့် တိုင်းပြည်၏အကျိုးကို ဖော်ဆောင်ပေးနိုင်မည့်သူများကို ရွေးချယ်မဲပေးကြ စေလိုပြီး မဲမပေးပါက မိမိတို့၏ သဘောထားနှင့် ကိုက်ညီမှုမရှိသူကိုရရှိမည်ဖြစ်သဖြင့် အားလုံးဆန္ဒ မဲပေးကြစေလိုကြောင်းဖြင့် တိုက်တွန်းပြောကြား ခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူအားလုံး လိုလားတောင့်တနေကြသည့် ပါတီစုံဒီမိုကရေစီ စနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့်အညီ ဖော်ဆောင်ပေးခဲ့ကြောင်း၊ တိုင်းပြည်တိုးတက်ကောင်းမွန်ရေးကိုသာ အဓိကလိုလားပြီး မည်သည့် အစိုးရ တက်လာသည်ဖြစ်စေ အတူတကွလက်တွဲ၍ နိုင်ငံ၏ ကောင်းရာကောင်းကျိုးများကို ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ကျော်လွန်လုပ်ဆောင်မှုများ ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ မစတင်မီ ကြိုတင်ပြင်ဆင်မှုကာလ၌ နိုင်ငံရေးပါတီများ၏ ပါတီမဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါတီများ၏ပြောဆိုလုပ်ပိုင်ခွင့်နှင့် ပတ်သက်၍ တရားမျှတမှု သံသယဖြစ်စရာများကို တွေ့ရှိရကြောင်း၊ ထို့ပြင် ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများကို ကျော်လွန်ဆောင်ရွက်၍ မရသော် လည်း coVID-19 ကို အကြောင်းပြ၍ အမိန့်အမျိုးမျိုးထုတ်ပြန်ကာ ဥပဒေ၊ နည်းဥပဒေများကို ကျော်လွန်လုပ်ဆောင်မှုများကို တွေ့ရှိရကြောင်း။
လက်ရှိအချိန်တွင် မဲစာရင်းများစစ်ဆေးခြင်းကို အသစ်ဖွဲ့စည်းထားရှိသည့် ရွေးကောက်ပွဲကော်မရှင်က စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယခင် ရွေးကောက်ပွဲကော်မရှင်မှ ထိပ်ပိုင်းတာဝန်ရှိသူများကို စစ်ဆေးမေးမြန်းခဲ့ရာတွင်လည်း ၎င်းတို့ကော်မရှင်အနေဖြင့် လွတ်လပ်မှုမရှိဘဲ သမ္မတ၏ ထိန်းချုပ်မှု၊ ပြောဆိုမှုများအတိုင်းသာ ဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်ကို သတင်းစာ ရှင်းလင်းပွဲများ၌လည်း ထည့်သွင်းရှင်းလင်းခဲ့ပြီး ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မြေပြင်စစ်ဆေးတွေ့ရှိချက်များ ကိုမြို့နယ်တစ်မြို့နယ်ချင်းအလိုက် နေ့စဉ် အသေးစိတ် ထုတ်ပြန်ပေးလျက်ရှိပြီး ယခင် တပ်မတော်မှ ထုတ်ပြန်ခဲ့သည့် စစ်ဆေးတွေ့ရှိချက်ထက်ပင် မဲမသမာမှုများ ပိုမိုများပြားနေသည်ကို တွေ့ရှိရကြောင်း၊
တပ်မတော်မှ စတင်တာဝန်ယူသည့် ပထမ ရက်သတ္တပတ်အတွင်း တည်ငြိမ်အေးချမ်းခဲ့သော်လည်း ဒုတိယအပတ်မှစတင်၍ NLD ပါတီဝင်များနှင့် ထောက်ခံသူများ၏သွေးထိုးလှုံ့ဆော်မှုများကြောင့် ဆူပူမှု၊ ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ယခုအခါ ဆူပူ ဆန္ဒပြသည့်အဆင့်မှ မင်းမဲ့စရိုက်ဆန်သည့် ဥပဒေ ချိုးဖောက်မှု အဆင့်များမှတစ်ဆင့် ပွိုင့် ၂ သေနတ်၊ တူမီးသေနတ်၊ လေသေနတ်၊ လက်လုပ်သေနတ်။ လက်လုပ်လက်ပစ်ဗုံးများ၊ မီးပုလင်း၊ မီးကွင်းကဲ့သို့သော အဖျက်အမှောင့်လက်နက်များကို ကိုင်ဆွဲ၍နိုင်ငံတော်အုပ်ချုပ်ရေးအဆောက်အဦများ၊ ရဲစခန်းများ၊ တရားရေးဆိုင်ရာ အဆောက်အဦများအပြင် ရိုးသားအေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူတို့၏နေအိမ်အဆောက်အဦများ၊ စက်ရုံ၊ အလုပ်ရုံများအား မီးရှို့ ဖျက်ဆီးခြင်းများ ဝင်ရောက်စီးနင်းရန် ကြိုးပမ်း အားထုတ်မှုများ စသည့် လက်နက်ကိုင်အကြမ်းဖက် သည့်အဆင့်သို့ ကူးစက်အသွင်ပြောင်းလာခဲ့သည်ကို တွေ့ရှိလာရကြောင်း။
ထို့ပြင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖြင့် တည်ဆောက်ထားသော စက်ရုံ၊ အလုပ်ရုံများကို မီးရှို့ဖျက်ဆီးခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်လာခြင်းတို့ ပြုလုပ်လာကြောင်း၊ ထို့ကြောင့် မည်သို့မျှ မတတ်သာ သည့်အဆုံး လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးတို့ကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့ နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်တို့တွင် စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်ဆောင်ရွက်ခဲ့ရကြောင်း၊ ယင်းသို့ ဆူပူဆန္ဒပြမှုများသည် အခြားနိုင်ငံများတွင်လည်း ဖြစ်ပွားလေ့ရှိပြီး ငြိမ်းချမ်းစွာသတ်မှတ်ချက်များနှင့်အညီ ဆန္ဒပြခြင်းများရှိသကဲ့သို့ စည်းကမ်းနှင့် ကိုက်ညီမှုမရှိသဖြင့် ဥပဒေနှင့်အညီ ဖြိုခွင်းခဲ့ရမှု များလည်းရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ များအနေဖြင့် လူကိုသေစေအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း၊ အမိန့်ပေးခြင်းများမရှိခဲ့ဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အေးချမ်းစွာနေထိုင်လိုသူများ၏ အသက် အန္တရာယ်ထိခိုက်စေသည်အထိ လုပ်ဆောင်လာခဲ့၍ သာလျှင် မလွှဲမရှောင်သာ ဆောင်ရွက်ခဲ့ရခြင်းများ ရှိခဲ့ကြောင်း။
လက်ရှိအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည် ချက်၉ရပ်တို့ကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး ပထမ ဦးစားပေးအနေဖြင့် မဲစာရင်းများကို စိစစ်လျက်ရှိပြီး တွေ့ရှိချက်များကို ထုတ်ပြန်ကြေညာလျက်ရှိကာ အလုံးစုံပြီးစီးပါက ပေါင်းချုပ်စာရင်းများကို ဆက်လက်ထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမည်ဖြစ်ပြီး COMID-I9 ရောဂါဖြစ်ပွားမှုကြောင့်ကျောင်းများ ပိတ်ထားရခြင်းသည် ကျောင်းသား ကျောင်းသူများနှင့် မိဘတစ်ဦးချင်းစီ၏ နစ်နာ ဆုံးရှုံးမှုအပြင် တိုင်းပြည်အတွက်လည်း နှစ်နာ ဆုံးရှုံးမှုပင်ဖြစ်သောကြောင့် ကျောင်းများ စနစ်တကျ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်လုပ်ဆောင် လျက်ရှိကြောင်း။
အားလုံးကြိုးပမ်းဆောင်ရွက် တပ်မတော်သည် တိုင်းပြည်အကျိုးအတွက် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ပြည်သူက အားကိုး ရသည့် တိုင်းပြည်ကအားထားရသည့် တပ်မတော် ဖြစ်စေရေး အားလုံးကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပြီး ပြည်သူ့အကျိုးကို ဖော်ဆောင်ပေးရန်၊ တိုင်းပြည်ကို ကာကွယ်နိုင်ရန် အမြဲအသင့်ပြင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ တပ်မတော်အပေါ်  တိုင်းပြည်အပေါ်ထားရှိသည့်ကောင်းမွန်သည့် စိတ်ရင်း၊ စိတ်ဓာတ်များအတွက်လည်း လေးစားချီးကျူးပါကြောင်း၊ တပ်ရင်းတပ်ဖွဲ့များအားလုံးအနေဖြင့် စစ်သည်တစ်ဦးချင်းမှစ၍ အရည်အချင်းရှိအောင်၊ တိုးတက်အောင်တည်ဆောက်ပြီး မိမိတို့၏ လုပ်ဆောင်ချက်အားလုံးသည် တိုင်းပြည်အတွက် ဖြစ်ရမည်ဟူသည့်စိတ်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြ စေလိုကြောင်း၊ တပ်ပိုင်စိုက်ပျိုးမွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်၊ အကျိုးရှိအောင် လုပ်ဆောင်ကြရ မည်ဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့တစ်ဦးချင်း၏ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားနှင့် အဖွဲ့လိုက်လုပ်ဆောင်ရသည့် အားကစားပြိုင်ပွဲများကို လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ အသိပညာဗဟုသုတများ ကြွယ်ဝစေရေး အတွက် မိမိကိုယ်တိုင်စာဖတ်ရန် လိုအပ်ပြီး မိမိတို့၏ ကလေးငယ်များကိုလည်း စာဖတ်အောင် တွန်းအား ပေးကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုထုံးတမ်းစဉ်လာများကို သိရှိအောင်လည်း သင်ကြားပေးကြရမည်ဖြစ်ကြောင်း၊ တပ်မတော်ကို ကောင်းမွန်အောင် တိုးတက်အောင် လုပ်ဆောင်ရန်မှာ မိမိတို့ပစ္စုပ္ပန်တွင် တာဝန် တာဝန်ဖြစ်ပြီး ကောင်းမွန်သောအမွေများကို လက်ဆင့်ကမ်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် တိုင်းပြည် ကို စစ်မှန်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိစေရေး ခိုင်ခိုင်မာမာ ယုံကြည်ချက် ရှိရှိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

သတင်းစဉ်