နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြိတ်၊ ကျွန်းစုနှင့် ကိုကိုးကျွန်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံရာတွင် ပြောကြားသည့် အမှာစကား 

နေပြည်တော်၊  ၂၀ မတ်

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကား ပြောကြားရာတွင် တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဆိုင်ရာ မဲစာရင်းများမှားယွင်းသည့် ကိစ္စရပ်များကို ဒီမိုကရေစီနည်းလမ်းနှင့်အညီ ဥပဒေကြောင်းအရ ဖြေရှင်းနိုင်ရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ကြောင်း၊ မဲစာရင်းများတွင် ကြီးမားသည့် လွဲမှားမှုများဖြစ်ခဲ့ပြီး သာမန်လွဲမှားမှုများ မဟုတ်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် မဲစာရင်းမှားယွင်းမှုများကို ဒီမိုကရေစီနည်းလမ်းများနှင့်အညီ အတတ်နိုင်ဆုံးဆောင်ရွက်ရန် ကြိုးစားခဲ့သော်လည်း မည်သို့မျှ ဆွေးနွေးညှိနှိုင်းဖြေရှင်းမရသည့်အတွက် ယခုအဆင့်ထိ ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ မိမိတို့နိုင်ငံသည် အတွေ့အကြုံ အားနည်းပြီး ၁၉၉ဝ ပြည့်နှစ်မှ စ၍ ရွေးကောက်ပွဲ အတွေ့အကြုံရှိခဲ့ခြင်းဖြစ်ကာ ထိုစဉ်ကတည်းကပင် ရွေးကောက်ပွဲတစ်ခုသည် ဖိအားများရှိနေပါက ရိုးသားသော ရွေးကောက်ပွဲနှင့် မှန်ကန်သောရလဒ်ထွက်ပေါ်သည့် ရွေးကောက်ပွဲ မဖြစ်လာနိုင်သည်ကို အတွေ့အကြုံရရှိခဲ့ကြောင်း။ စစ်မှန်ပြီး ရိုးသားသည့် နိုင်ငံရေးဖြစ်ရန်လို ဒီမိုကရေစီဆိုသည်မှာ အများ၏ဆန္ဒနှင့် ဆောင်ရွက်ခြင်းဖြစ်ပြီး အများ၏ဆန္ဒနှင့် ဆောင်ရွက် သည်ဆိုသော်လည်း အများ၏ဆန္ဒသည် စစ်မှန်ပြီး ရိုးသားသည့် နိုင်ငံရေးဖြစ်ရန်လိုကြောင်း၊ အများ ဆန္ဒသည် ရိုးသားမှုမရှိပါက ယင်းနိုင်ငံရေးသည် ဒီမိုကရေစီဟု ပြောနိုင်ရန်ခဲယဉ်းကြောင်း၊ တက်လာ သည့်အစိုးရများသည် ဒီမိုကရေစီကို မှန်မှန်ကန်ကန် နှင့် အမှန်တကယ်အလုပ်လုပ်နိုင်မည့် အစိုးရဖြစ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ၏ ၇၇ ရာခိုင်နှုန်းမဲပေးခဲ့ကြကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ၇၀ ရာခိုင် နှုန်းနီးပါး မဲပေးခဲ့ကြသည်ကို တွေ့ရကြောင်း၊ ၂၀၁၆ ခုနှစ်တွင် တက်လာသည့် အစိုးရ၏ လုပ်ဆောင်ချက် များအပေါ် ပြည်သူများအနေဖြင့် အားမလိုအားမရ ဖြစ်လာကြသည်ကိုတွေ့ရကြောင်း၊ ပြည်သူများက ၎င်းတို့၏ဆန္ဒအလျောက် အလွှာအသီးသီး၏ ခံစားချက်များကိုမူတည်၍ အစိုးရလုပ်ဆောင်ချက်များအပေါ် အားမလိုအားမရဖြစ်လာသည့်အတွက် ရွေးကောက်ပွဲလုပ်ရန် ရှိလာသည့်အခါ ရွေးကောက်ပွဲ အပေါ် စိတ်ပျက်ပြီး မဲမပေးချင်သောစိတ်များ ဖြစ်လာကြသည်ကို တွေ့ရပြီး No Vote လှုပ်ရှားမှုများ ဖြစ်လာသည်ကို တွေ့ရှိကြရမည်ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲလုပ်သည့်အခါတွင် ရန်ကုန်တစ်မြို့နယ် လုံး၌ ဆန္ဒမဲပေးသူ ၁၄ ရာခိုင်နှုန်းခန့်သာရှိသည်ကို “ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲပြုလုပ်ခြင်း၊ ဆန္ဒမဲပေးခြင်းသည် အနှစ်သာရပင်ဖြစ်သောကြောင့် မိမိအနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ ရောက်သည့်နေရာတိုင်းတွင် နှစ်သက်ရာကို မဲပေးရန်၊ တိုင်းပြည်နှင့်လူမျိုးအကျိုး သယ်ပိုးနိုင်မည့်သူ၊ ဒေသ အကျိုးကို ဖော်ဆောင်နိုင်မည့်သူများကို ရွေးချယ်မဲပေးကြရန် တိုက်တွန်းခဲ့ကြောင်း၊ ဖြစ်သင့်သည်ကိုသာ တိုက်တွန်းပြောပြခဲ့ကြောင်း၊ တပ်မတော်ကို တပ်တွင်းမဲရုံများတွင် မဲပေးခြင်းမှ အပြင်တွင် မဲပေးရသိရှိရကြောင်း။
မည်၊ ပြည်သူနှင့်အတူ မဲပေးရမည်ဟု ပြောလာသည့်အခါ မိမိအနေဖြင့် ချက်ချင်းပင် သဘောတူခဲ့ကြောင်း၊ ပြည်သူနှင့်အတူ လွတ်လွတ်လပ်လပ်မဲပေးရန် ဆောင်ရွက် ခဲ့ကြောင်း၊ မဲပေးသည့်ကာလ၊ မဲပေးသည့် အချိန်တွင် မဲရုံများနှင့်ပတ်သက်၍ ကြိုတင်မဲပြဿနာ များရှိကြောင်း၊ ကြိုတင်မဲများနှင့်စပ်လျဉ်း၍ အမိန့်၊ ညွှန်ကြားချက်များနှင့် ပြင်ဆင်ချက်များပေး၍ မဲပေး ခိုင်းသည်ကို တွေ့ရကြောင်း၊ ဥပဒေကိုကျော်လွန်၍ မဖြစ်ကြောင်း၊ ရွေးကောက်ပွဲဥပဒေကို ကျော်လွန် သည့်အမိန့်များကို ထုတ်ပြန်မှုမပြုသင့်ကြောင်း၊ သို့သော် အဆိုပါအချက်များကို မျက်ကွယ်ပြု၍ ကိုဗစ်ဖြစ်သည်ကို အကြောင်းပြကာ ထုတ်ပြန်ထားသည့် အမိန့်များကို တွေ့ရကြောင်း။
ထည့်သွင်းပြောကြားခဲ့ ရွေးကောက်ပွဲမတိုင်မီဆောင်ရွက်သည့် ပါတီ မဲဆွယ်စည်းရုံးရေးများ တွင်လည်း ပါတီများ၏ ပြောဆိုလုပ်ပိုင်ခွင့်နှင့်ပတ်သက်၍ တရားမျှတမှု သံသယဖြစ်စရာများ တွေ့ရှိကြောင်း၊ ပါတီ၏မူဝါဒ များကြေညာ၍ မဲဆွယ်စည်းရုံးရာ၌ပင် ဆင်ဆာ ဖြတ်တောက်မှုများ ရှိလာကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရေး ဆောင်ရွက်ပေးရန် ကြုံသည့် နေရာတိုင်းတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရေး လုပ်ဆောင်ပေးရန် အဓိကထား ဦးတည်၍ ပြောခဲ့ကြောင်း။
၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန် သည် COMD-I9 ရောဂါဖြစ်ပွားနေချိန်ဖြစ်ပြီး social distancing နှင့်အညီ မဲပေးမှုများ ဆောင်ရွက်ခဲ့ရကြောင်း၊ မဲပေးမှုမှာ ၇၁ရာခိုင်နှုန်းဖြစ်သည်ကို တွေ့ရှိရကြောင်း၊ မဲစာရင်းရလဒ်များကို စစ်ဆေးခဲ့ရာတွင်လည်း ကွာဟမှုများစွာတွေ့ရှိခဲ့ရပြီး တွေ့ရှိချက်များကိုလည်း ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ထိုသို့ မဲစာရင်းလွဲမှားနေမှုများကို ပြန်လည်စိစစ်ပေးရန် အကြိမ်ကြိမ်ပြောဆိုခဲ့ကြောင်း၊ မြိတ်မြို့နယ်တွင် မဲမသမာမှုပေါင်း ၅ သောင်းကျော်နှင့် ကျွန်းစုမြို့နယ် တွင် မဲမသမာမှုပေါင်း ၃ သောင်းကျော်ရှိပြီး တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ဆိုပါက ၁၀ သန်းကျော်ရှိခဲ့ သည်ကို တွေ့ရှိရကြောင်း၊ မဲစာရင်းလိမ်လည်မှုသည် ဆိုးရွားသည့် လုပ်ရပ်ဖြစ်ပြီး ရိုးရိုးသားသားဖြင့် လုပ်ဆောင်လျှင် မဲနိုင်မည်ဖြစ်သော်လည်း ရိုးရိုး ဖြေပါက အောင်မြင်မည့်စာမေးပွဲကို မတန်တဆ အမှတ်လိုချင်သဖြင့် မသမာသည့်နည်းဖြင့် လုပ်ဆောင်သည်နှင့် တူနေကြောင်း၊ ထိုသို့ မဲစာရင်း မှားယွင်းနေမှုများကို ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိသည့်အပြင် တတိယအကြိမ် လွှတ်တော်ခေါ်ယူ၍ အစိုးရအသစ်ဖွဲ့ရန် အတင်းအဓမ္မကြံစည်ကြိုးပမ်း လာမှုများကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါ ပြဋ္ဌာန်းချက်များနှင့် အညီ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစ၍ နိုင်ငံတော် ၏တာဝန်များအား ပုဒ်မ ၄၁၇ နှင့် ၄၁၈ တို့အရ ဆောင်ရွက်ခဲ့ပြီး ပုဒ်မ ၄၁၉ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုသို့ ဖွဲ့စည်းရာတွင်လည်း တပ်ဘက်၊ အရပ်ဘက် မျှတအောင် ဖွဲ့စည်းထားခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ကောင်စီဥက္ကဋ္ဌများကို အရပ်သားများဖြင့်သာ ဖွဲ့စည်းပေးခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် စစ်မှန်သည့် ဒီမိုကရေစီဖြစ်စေရေး၊ စည်းကမ်းရှိပြီး ခိုင်မာသည့် ဒီမိုကရေစီဖြစ်စေရေး ခေတ္တတာဝန်ယူ ထိန်းသိမ်းဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း။
ထိန်းသိမ်းဆောင်ရွက်နေ စတင်တာဝန်ယူသည့် ပထမရက်သတ္တပတ် အတွင်း တည်ငြိမ်အေးချမ်းခဲ့သော်လည်း ဒုတိယ အပတ်မှစတင်၍ ဆူပူမှု၊ ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုသို့ဆန္ဒပြမှုများမှာ ကိုဗစ်ကာလအကျပ်အတည်း ထိန်းချုပ်မှု၊ အခြားတစ်ဖက်ကလည်း ရွေးကောက်ပွဲ မဲမသမာမှုအပေါ် ယခုလိုဆောင်ရွက်ခြင်းကြောင့် မခံမရပ်နိုင်သူများကြောင့် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ ဆူပူဆန္ဒပြမှုဖြစ်စဉ်များ အားလုံးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များဖြင့် အင်အားအနည်းဆုံးနှင့် အသက်သာဆုံးဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်နေကြောင်း၊ ယခုအခါ ဆူပူဆန္ဒပြသည့်အဆင့်မှ မင်းမဲ့စရိုက်ဆန်သည့် ဥပဒေချိုးဖောက်မှုအဆင့်များမှတစ်ဆင့် ပွိုင့် ၂ သေနတ်၊ တူမီးသေနတ်၊ လေသေနတ်၊ လက်လုပ် သေနတ်၊ လက်လုပ်လက်ပစ်ဗုံးများ၊ မီးပုလင်း၊ မီးကွင်း ကဲ့သို့သော အဖျက်အမှောင့်လက်နက်များကို ကိုင်စွဲ၍ နိုင်ငံတော်အုပ်ချုပ်ရေး အဆောက်အဦများ၊ ရဲစခန်းများ၊ တရားရေးဆိုင်ရာ အဆောက်အဦများ အပြင် ရိုးသားအေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူ တို့၏နေအိမ်အဆောက်အဦများ၊ စက်ရုံ၊ အလုပ်ရုံများအား မီးရှို့ ဖျက်ဆီးခြင်းများ၊ ဝင်ရောက်စီးနင်းရန် ကြိုးပမ်းအားထုတ်မှုများ စသည့်လက်နက်ကိုင် အကြမ်းဖက်သည့်အဆင့်သို့ ကူးစက်အသွင်ပြောင်း လာခဲ့သည်ကို တွေ့ရှိလာရကြောင်း၊ ထို့ပြင် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများဖြင့် တည်ဆောက်ထားသော စက်ရုံ၊ အလုပ်ရုံများကို မီးရှို့ဖျက်ဆီးခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကိုင် အကြမ်း ဖက် တိုက်ခိုက်လာခြင်းတို့ ပြုလုပ်လာကြောင်း၊ ထို့ကြောင့် မည်သို့မျှ မတတ်သာသည့်အဆုံး လုံခြုံ ရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးတို့ကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ် နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တို့တွင် စစ်အုပ် ချုပ်ရေး (Martial Law) ထုတ်ပြန်ဆောင်ရွက်ခဲ့ရကြောင်း၊ လူငယ်လူရွယ်များကို အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု ကင်းမဲ့စေသည့် လုပ်ဆောင်ချက်များလုပ်ဆောင်လာစေရန်၊ ဆူပူအကြမ်းဖက်မှု များဖြစ်ပေါ်လာစေရန် နောက်ကွယ်မှ သွေးထိုး လှုံ့ဆော်မှုများ လုပ်ဆောင်နေသည်ကို တွေ့မြင်ရပြီးနိုင်ငံတော်အတွက် အန္တရာယ်ရှိသည့် လုပ်ရပ်များ ပင်ဖြစ်ကြောင်း။
ထုတ်ပြန်ဆောင်ရွက်လျက်ရှိ လက်ရှိအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို ချမှတ် ဆောင်ရွက်လျက်ရှိပြီး ပထမဦးစားပေးအနေဖြင့် မဲစာရင်းများကို စိစစ်လျက်ရှိပြီး တွေ့ရှိချက်များကို ထုတ်ပြန်ကြေညာလျက်ရှိကာ အလုံးစုံပြီးစီးပါက ပေါင်းချုပ်စာရင်းများကို ဆက်လက်ထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် စစ်ဆေးရန် လိုအပ်သည်များကို စစ်ဆေးလျက်ရှိပြီး အဂတိ လိုက်စားမှုဆိုင်ရာ တွေ့ရှိချက်များကိုလည်း သတင်း များ ထုတ်ပြန်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက် ဘက်မှ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမည်ဖြစ်ပြီး coVID-19 ရောဂါဖြစ်ပွားမှုကြောင့် ကျောင်းများ ပိတ်ထားရခြင်းသည် ကျောင်းသား ကျောင်းသူများ နှင့် မိဘတစ်ဦးချင်းစီ၏ နစ်နာဆုံးရှုံးမှုအပြင် တိုင်းပြည် အတွက်လည်း နစ်နာဆုံးရှုံးမှုပင်ဖြစ်သောကြောင့် ကျောင်းများ စနစ်တကျ ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ လူစုလူဝေးမဖြစ်စေရန်၊ မသမာသူများက လှုံ့ဆော်မှုမရှိစေရန်၊ ကျောင်းများကို ယခင်အတိုင်း ပင်ထားရန် အကြံပြုမှုများရှိသော်လည်း မိမိ၏ ခံယူချက်မှာ ကျောင်းတစ်နှစ်ပိတ်ထားလျှင် တစ်နှစ် နစ်နာမည်ဖြစ်၍ ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်အောင် ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း၊ ဖြတ်သန်းခဲ့ရသည့်အတွေ့အကြုံများဖြင့် နိုင်ငံတော်ကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ခိုင်ခိုင်မာမာတည်ဆောက်ရန်ဖြစ်ကြောင်း။
အဓိကတာဝန်ရှိ တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော် ကာကွယ်ရေးတာဝန်ဖြစ်ပြီး ပြည်ပအန္တရာယ်ကို ကာကွယ်ရန် အဓိကတာဝန်ရှိကြောင်း၊ သို့သော်လည်း ခေတ်အဆက်ဆက် ပြည်တွင်းသောင်းကျန်းမှုများကို ထိန်းသိမ်းဆောင်ရွက်ခဲ့ရသဖြင့် ယနေ့ထက်တိုင် ပါဝင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်လည်း ပြည်တွင်းလုံခြုံရေးတွင် အဓိကတာဝန်ရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ စွမ်းရည်စွမ်းအားကို မြှင့်တင်ဆောင်ရွက် ပေးနေခြင်းပင်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် တပ်မတော်ကို စွမ်းရည် စွမ်းအားမြင့်မားသည့် တိုက်စွမ်းရည်၊ တိုက်စွမ်းအား ကောင်းမွန်သည့် တပ်မတော်ဖြစ်အောင် အမြဲတမ်းလေ့လာ၊ လေ့ကျင့်၊ လိုက်နာကြရမည် ဖြစ်ကြောင်း၊ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်း၏ စွမ်းဆောင်ရည် ကောင်းမွန်မှသာလျှင် Team Work ရရှိပြီး အဖွဲ့လိုက်စွမ်းဆောင်ရည်များလည်း ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ မိမိတာဝန်ကို ရိုးရိုးသားသားနှင့် ကျေပွန်အောင်ထမ်းဆောင်ကြရန် လိုကြောင်း၊ တစ်ဦးချင်း အသိစိတ်ဓာတ်ကောင်းမွန် စွာဖြင့် ကြိုးစားဆောင်ရွက်ပြီး မိမိတို့ တစ်ဦးချင်းမှ မိမိကိုယ်ကိုနှင့် မိမိတပ်ကိုကောင်းအောင် ကြိုးစားပြီး တပ်မတော်၊ တိုင်းပြည်နှင့် လူမျိုး၏ဂုဏ်ကို မြှင့်တင်နိုင်အောင် ကြိုးစားလုပ်ဆောင်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

သတင်းစဉ်