နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံရာတွင် ပြောကြားသည့် အမှာစကား

နေပြည်တော်၊ ၁၁ ဧပြီ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က အမှာစကားပြောကြားရာတွင် တပ်မတော်အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ယခင်က တပ်မတော်အနေဖြင့် နိုင်ငံရေးတာဝန်များကို ခေတ္တထိန်းသိမ်းဆောင်ရွက် ပေးခဲ့ရသည်များရှိကြောင်း၊ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရတာဝန်ယူချိန်တွင် ဖဆပလ အစိုးရမှ နိုင်ငံရေးအရ တိုင်းပြည်အားထိန်းသိမ်းနိုင်မှုမရှိတော့ခြင်းကြောင့် နိုင်ငံတော် ၏ တာဝန်များအား ဥပဒေနှင့်အညီလွှဲပြောင်းပေးခဲ့ကြောင်း၊ တပ်မတော်မှ ၁၈ လကြာ တဝန်ယူခဲ့ပြီး အုပ်ချုပ်ရေးပိုင်းဆိုင်ရာများဆောင်ရွက်၍ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပ‌၍ အနိုင်ရပါတီထံ အာဏာပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ ဆက်လက် ပြီး နိုင်ငံတော် ပြိုကွဲမည့်အခြေအနေဖြစ်ပေါ်ခဲ့ပြီး ပြည်တွင်းရေးမငြိမ်မသက် ဖြစ်ပေါ်ခဲ့မှုကြောင့် ၁၉၆၂ ခုနှစ်တွင် တပ်မတော်မှ နိုင်ငံတော်၏တာဝန်အား ထမ်းဆောင်၍ တော်လှန်ရေးကောင်စီအဖြစ် ဖွဲ့စည်းပြီး ဥပဒေနှင့် အမိန့်များထုတ်ပြန် ၍ နိုင်ငံတော်အား အုပ်ချုပ်ခဲ့ကြောင်း၊ ၁၉၇၄ ခုနှစ်တွင် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်အဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ ဆိုရှယ်လစ်စနစ်များတွင် အားသာချက်များရှိသလို အားနည်းချက်များလည်းရှိခြင်းကြောင့် စီးပွားရေးထိခိုက်ခဲ့မှုများဖြစ်ပေါ်ခြင်းနှင့် နိုင်ငံတကာဆက်ဆံခြင်းများ အဆင်မပြေမှုများဖြစ်ပေါ်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံတော်အနေဖြင့် အကျပ်အတည်းအခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့နောက် ၁၉၈၈ ခုနှစ်တွင် အရေးအခင်းဖြစ်ပွား၍ အာဏာရ အစိုးရပြိုကွဲခဲ့ပြီး တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်များအား ဝင်ရောက် ထိန်းသိမ်းပေးခဲ့ရပြီး ဆူပူအကြမ်းဖက်မှုများကြောင့် တပ်မတော်အစိုးရအုပ်ချုပ်ရေးဖြင့် ဆောင်ရွက်ခဲ့ရ ကြောင်း။

 

ထို့နောက် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကိုလျှောက်လှမ်း  နိုင်ရန်အတွက် ဒီမိုကရေစီစနစ်လျှောက်လှမ်းနိုင်ရေး အရပ်ဘက်အုပ်ချုပ်ရေး ဆိုင်ရာများကို ကြိုတင်ပြောင်းလဲဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ ပါတီစုံဒီမိုကရေစီ လျှောက်လှမ်းမှုတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ တပ်မတော်ကိုလည်း အဆင့်မြှင့်တင်မှုများပြုလုပ်ခဲ့သဖြင့် များစွာတိုးတက် ပြောင်းလဲလာခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ တပ်မတော်မှ အာဏာလွှဲပြောင်းပေးခဲ့ကြောင်း၊ ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက် ပွဲတွင် NLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိသဖြင့် ၂၀၁၂ ခုနှစ်တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအားပြင်ဆင်ပေးခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်နိုင်ခဲ့ကြောင်း၊ ထို့နောက် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင်လည်း NLD ပါတီအနေဖြင့် အနိုင်ရရှိခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်များအပေါ် ကန့်ကွက်မှုမရှိဘဲ လက်ခံခဲ့ကြောင်း။

 

NLD ပါတီအစိုးရ တာဝန်ထမ်းဆောင်ချိန်ကာလအတွင်း ဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ထိခိုက်ခဲ့ရပြီး စီးပွားရေးဆိုင်ရာများ ထိခိုက်ကျဆင်းခြင်းလာသဖြင့် ပြည်သူများမှ ၎င်းတို့အပေါ်ယုံကြည်မှုများ လျော့နည်းလာကြောင်း၊ ပြည်သူများအနေဖြင့် ၎င်းတို့အပေါ် ယုံကြည်မှုနည်းပါးလာသည်ကို တွေ့ရှိရသဖြင့် NLD ပါတီအနေဖြင့် ၂၀၂၀ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲ အနိုင်ရရှိရေးအတွက် ဆောင်ရွက်ရာတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့သည်ကို စိစစ်တွေ့ရှိခဲ့ရကြောင်း၊ မိမိတို့အနေဖြင့် မဲမသမာမှုဖြင့် တက်လာသည့် အစိုးရအား လက်ခံရန်မဖြစ်နိုင်ကြောင်း၊ မည်သည့်နိုင်ငံတွင်မဆို မဲမသမာမှုပြုလုပ်ခြင်းအား လက်ခံမှုမရှိကြောင်း၊ ယခု စိစစ်သည့်အချိန်တွင်လည်း မဲမသမာမှုဖြစ်စေရန် ဆောင်ရွက်ချက်များအပြင် ငွေကြေးဆိုင်ရာ အဂတိ လိုက်စားမှုများကိုပါ စစ်ဆေးတွေ့ရှိရကြောင်း၊ မဲစာရင်းများအား ပြန်လည်စစ်ဆေးလျက် ရှိပြီး မဲမသမာမှု ဖြစ်ပွားသည့် မဲစာရင်းများအား ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ စစ်ဆေးတွေ့ရှိချက်များ အပေါ်မူတည်၍ ဥပဒေနှင့်အညီသာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

 

မိမိတို့တာဝန်ယူပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၃ ရက်နေ့ နောက်ပိုင်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ဖေဖော်ဝါရီလ (၁၄) ရက်နေ့ နောက်ပိုင်းတွင် မဲမသမာမှု ပြုလုပ်မှုတွင်ပါဝင်ခဲ့သည့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများမှ ဝိုင်းဝန်းသွေးထိုး မြှောက်ပင့်ခြင်း၊ ငွေကြေးထောက်ပံ့ပေးခြင်းများကြောင့် ဆူပူအကြမ်း ဖက်မှုများ၊ စက်ရုံအလုပ်ရုံများအား မီးရှို့ဖျက်ဆီးမှုများနှင့် သတ်ဖြတ်မှုများအထိ ဖြစ်ပေါ်ခဲ့သဖြင့် ရန်ကုန်မြို့ရှိ မြို့နယ်အချို့အား စစ်အုပ်ချုပ်ရေးအမိန့် (Martial Law) ထုတ်ပြန်ခဲ့ရာ ယခုအခါ ဆူပူမှုများနည်းပါးလာပြီဖြစ်ပြီး ပြန်လည် တည်ငြိမ်လာပြီဖြစ်ကြောင်း၊ ဆူပူအကြမ်းဖက်မှု ဖြစ်ပေါ်စေရန်အတွက် လူမှုကွန်ရက်များတွင် သွေးထိုးလှုံ့ဆော်နေသူများအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း။

 

မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်အုပ်ချုပ်ရေး ဆောင်ရွက်ရာတွင် ကောင်စီအဖွဲ့ဝင်များအား တာဝန်ပေးအပ်ရာတွင် တပ်မတော် သားများသာ သီးသန့်တာဝန်ပေးအပ်ခြင်းမဟုတ်ဘဲ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ တိုင်းရင်းသား ခေါင်းဆောင်များပါ ထည့်သွင်းတာဝန်ပေးအပ်ထားကြောင်း၊ ထိုသို့ အရပ်ဘက်ပုဂ္ဂိုလ်များကို တာဝန်ပေးအပ်ရခြင်းသည် တပ်မတော်နှင့် ပြည်သူများမှ လိုလားသည့် ဒီမိုကရေစီစနစ်ပျက်ယွင်းမှု မရှိစေရန်အတွက် ဖြစ်ကြောင်း ပြောကြားသည်။

 

သတင်းစဉ်