နိုင်ငံတကာ အလေးမပြိုင်ပွဲတွင် မြန်မာကြေးသုံးခုရရှိ

ရန်ကုန်  ၅  ဖေဖော်ဝါရီ

 

ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ဖေဖော်ဝါရီ ၂ ရက်မှ ၆ ရက်အထိ ကျင်းပလျက်ရှိသည့် (2 nd  EGAT  “s King Cup Senior International Weightlifting Championship 2019) အလေးအပြိုင်ပွဲတွင် မြန်မာအားကစားသမားများ ကြေးသုံခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ 

 

အဆိုပါ ပြိုင်ပွဲတွင် အမျိုးသား (၈၁)ကီလိုတန်း အမြန်မ (၁၂၈)ကီလို၊ နှစ်ဆင့်မ (၁၅၈) ကီလို စုစုပေါင်း ၂၈၆ ကီလိုဖြင့် မြန်မာမှ ရဲရင့်နိုင်က တတိယ၊ ထိုင်းမှ ၂၉၄ ဖြင့် ဒုတိယ၊ ထိုင်းမှ ၃၀၂ ကီလိုဖြင့် ပထမဖြင့်လည်းကောင်း၊ အမျိုးသမီး (၅၅) ကီလိုတန်းတွင် အေးမြတ်မွန်က (၇၆) ကီလို၊ နှစ်ဆင့်မ (၉၀) ကီလို စုစုပေါင်း (၁၆၆) ကီလိုဖြင့် တတိယ၊ ထိုင်းမှ (၁၆၉) ကီလိုဖြင့် ဒုတိယ၊ ထိုင်းမှ ၁၇၇ ကီလိုဖြင့် ပထမဖြင့် လည်းကောင်း၊ အမျိုးသမီး (၅၉) ကီလိုတန်းတွင် သင်းသင်းစုက အမြန်မ (၇၅) ကီလို၊ နှစ်ဆင့်မ (၁၀၁) ကီလို စုစုပေါင်း (၁၇၆)ကီလိုဖြင့် တတိယ၊ ထိုင်းမှ (၁၈၉) ကီလိုဖြင့် ဒုတိယ၊ ထိုင်းမှ (၁၉၃)ကီလိုဖြင့် ပထမ အသီးသီး ဆွတ်ခူးရရှိသွားကြောင်း သိရသည်။

 

ပြိုင်ပွဲတွင် မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ လာအို၊ ကိုရီးယား၊ ဟောင်ကောင်တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

 

တင်စိုး(မြန်မာ့အလင်း)