နမ့်ခမ်းမြို့၌ အသက် ၈၅ နှစ် အထက် ဘိုးဘွားစုစုပေါင်း ၃၁၆ ဦးကို ထောက်ပံ့ငွေပေးအပ်

နမ့်ခမ်း   ၂၇      ဇွန်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ မြို့ပေါ်နှင့်ကျေးရွာများရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွားစုစုပေါင်း ၃၁၆ ဦးကို ဇွန် ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်က နမ့်ခမ်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးယိုင်သန်းအောင်နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့က အိမ်တိုင်ရာ သွားရောက်၍ ထောက်ပံ့ငွေ အသီးသီးပေးအပ်သည်။

ယခုဘိုးဘွားများကို ပေးအပ်သည့် ထောက်ပံ့ငွေသည် (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်၊ တတိယသုံးလပတ်၊ တစ်လလျှင် ထောက်ပံ့ငွေတစ်သောင်းကျပ်နှုန်းဖြင့် ဧပြီလမှ ဇွန်လအထိ သုံးလစာ စုစုပေါင်း တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှင့် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ထောက်ပံ့ငွေ  ၃၀၀၀၀ ကျပ်နှုန်းဖြင့် ဘိုးဘွားတစ်ဦးလျှင် ခြောက်သောင်းကျပ်ကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။

နမ့်ခမ်းမြို့၊ မြို့ပေါ်အတွင်းရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွားစုစုပေါင်း ၉၄ ဦးနှင့် ကျေးရွာအတွင်းရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွား ၂၂၂ ဦး စုစုပေါင်း ၃၁၆ ဦးကို တစ်ဦးလျှင် ခြောက်သောင်းကျပ်နှုန်း၊ စုစုပေါင်း ၁၈၉ သိန်းကို အိမ်တိုင်ရာအရောက်တစ်ဦးချင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဘဦး(ပြန်/ဆက်)