နမ္မတူမြို့နယ် မိုင်းမုကျေးရွာ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

နမ္မတူ ၇ ဇွန်

 

ကျေးလက်ကျန်းမာရေးဌာနခွဲမှ ပြည်သူလူထုအတွက် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်၊ ပြည်သူတွေကိုယ်တိုင် ပါဝင်ဆောင်ရွက်တတ်စေရန်နှင့် ကျန်းမာရေး အသိပညာများရရှိစေရန် ရည်ရွယ်၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မိုင်းမုကျေးရွာ၌ ဇွန်လ ၄ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့သည်။

 

ရှေ့ဦးစွာ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ဒေါ်ငုဝါ (ဘတ်စုံသားဖွားဆရာမ)နှင့် ဝန်ထမ်းတစ်ဦးက မိုင်းမုကျေးရွာရှိ နေအိမ်များသို့ သွားရောက်ကာ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် (ဖုံး၊ သွန်၊ လဲ၊ စစ်) ရေစည်၊ ရေအိုး ရေကန်များထဲသို့ အဘိတ်ဆေးခတ်ခြင်းနှင့် ကျန်းမာရေးအသိပညာခြင်းလုပ်ငန်းအား တစ်အိမ်တက်ဆင်း ဆောင်ရွက်ခဲ့သည်။

 

အဆိုပါလုပ်ငန်းအား ကျေးလက်ကျန်းမာရေးဌာနခွဲက ဇွန်လ (၄)ရက်နေ့မှ (၆)ရက်နေ့ထိ ဆောင်ရွက်ရာ မိုင်းမုကျေးရွာရှိ ပြည်သူလူထုနေအိမ် စုစုပေါင်း (၁၆၁)အိမ်အား သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး (ဖုံး၊ သွန်၊ လဲ၊ စစ်) ရေစည်၊ ရေအိုး ရေကန်းများထဲ့သို့ အဘိတ်ဆေးခတ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးကြောင်း မိုင်းမုကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ ဒေါ်ငုဝါ (ဘတ်စုံသားဖွား ဆရာမ) ပြောကြားချက်အရ သိရသည်။

 

လူမော် (ပြန်/ဆက်)