နမ္မတူမြို့နယ်၌ သေနတ်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး သေဆုံးနေကြောင်းသိရ

နမ္မတူ   ၈ နိုဝင်ဘာ

 

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက် နယ်မြေ (၈)၌ သေနတ်ဖြင့် ပစ်ခံရပြီး သေနတ်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး  ယမန့်နေ့ ညနေ (၆)နာရီခွဲ အချိန်ခန့်က လူသွားလမ်း ပေါ်တွင် လဲကျသေဆုံးနေကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ  နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက် နယ်မြေ (၈)ရှိ ဦးပြာသား၊ ဦးဗျာလေး၏ နေအိမ်ရှေ့တွင် သေနတ်ဖြင့်ပစ်ခံရပြီး သေနတ်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး လဲကျနေကြောင်း ပန်ဟိုက်ရပ်ကွက် နယ်မြေ (၈) ဦးသိန်းအောင်မှ သတင်းပေးပို့ခဲ့သဖြင့်  နမ္မတူ မြို့မ ရဲစခန်းမှ စခန်းမှူး နှင့်တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ မောင်ကျော်နိုင် ဆိုသူသည်၊ နမ္မတူမြို့နယ် ပန်ဟိုက်ရပ်ကွက် နယ်မြေ (၈) တွင် လာရောက် နေထိုင်စဉ် လူသွားလမ်းပါ်တွင် မှောက်လျက်အနေအထားဖြင့် ကျည်ဆံဖောက်ထွက် ဒဏ်ရာများဖြင့် လဲကျသေဆုံးနေကြောင်း သိရသည်။

 

 

အဆိုပါ မောင်ကျော်နိုင် (ခ) အနိုင်အား သေနတ်ဖြင့် ပစ်သတ်သွားသူ (စုံစမ်းဆဲ)အား နမ္မတူမြို့နယ် မြို့မရဲစခန်းမှ အမှုဖွင့်လှစ်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 

လူမော် (ပြန်/ဆက်)