နမ္မတူမြို့နယ်ရှိ မီးဘေးသင့်ပျက်စီးခဲ့သည့် လူနေအိမ် (၅၀) အတွက် ပြန်လည်ထူထောင်နိုင်ရေး ထောက်ပံ့ငွေများပေးအပ်

နမ္မတူ  ၂၅ ဇွန်

 

ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာအုပ်စုအတွင်းရှိ မီးဘေးသင့် ပျက်စီးခဲ့သည့် လူနေအိမ် (၅၀) လုံးအတွက် ပြန်လည်ထူထောင်နိုင်ရေး ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ မီးဘေးသင့် ပျက်စီးခဲ့သည့်နေအိမ်များအား ထောက်ပံ့ပေးအပ်ရာတွင် နမ္မတူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းနှင့် တာဝန်ရှိသူများက မီးဘေးသင့်ပျက်စီးခဲ့သည့် လူနေအိမ် အလုံး ၅၀ အတွက် ပြန်လည်ထူထောင်နိုင်ရေးထောက်ပံ့ငွေ တစ်အိမ်လျှင် ငွေကျပ် နှစ်သိန်းကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် သိန်း ၁၀၀ အား ဘေးသင့်ပြည်သူများ လက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

 

အလားတူ ကျန်ရှိသည့် နမ္မတူမြို့နယ်၊ ချောင်းဆာကျေးရွာအုပ်စုအတွင်းရှိ မီးဘေးသင့် ပျက်စီးခဲ့သည့်နေအိမ်  ၆၅ လုံးအတွက် ပြန်လည်ထူထောင်နိုင်ရေးထောက်ပံ့ငွေ တစ်အိမ်လျှင် ငွေကျပ် နှစ်သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း ၁၃၀ အား ဇွန် ၂၇ ရက်တွင် ဆက်လက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း နမ္မတူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရှိရသည်။

 

လူမော် (ပြန်/ဆက်)