နမ္မတူမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

နမ္မတူ ၂၅ ဇွန်

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးချုပ်မှထုတ်ဝေသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ ဝန်ထမ်းများ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင်  မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များ၊ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ၊ မူးယစ်ဆေးဝါးဆိုသည်မှာ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သော စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ ပြည်သူများ ပူးပေါင်းပါဝင်ဖို့လို စသည့်အကြောင်းအရာများ ပါဝင်သော  အသိပညာပေး သတင်းစကား လက်ကမ်းစာစောင် စောင်ရေ (၅၀၀) ကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး လူစည်ကားရာ နေရာများဖြစ်သော မြို့မဈေး၊ ယာယီပျံကျဈေး၊ ကားဂိတ်နှင့် လက်ဖက်ရည်ဆိုင်တို့တွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

လူမော် (ပြန်/ဆက်)