နည်းပညာတီထွင်ဖန်တီးမှု စွမ်းရည်ပြိုင်ပွဲကြီးအတွက် ပြိုင်ပွဲဝင်များကို စက်မှုဝန်ကြီးဌာန ဖိတ်ခေါ်

နေပြည်တော် ၁၇  သြဂုတ် 

 

စက်မှုဝန်ကြီးဌာနမှကြီးမှူးပြီး မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (MES) နှင့် Myanmar Promotional Services MPS Co.,Ltd တို့မှ ပူးပေါင်းကာ တီထွင်ဖန်တီးမှု စွမ်းရည်ပြိုင်ပွဲကြီး (Inventor Award) ပြိုင်ပွဲကြီးကို 5th International Industrial Technology and Machinery Show 2018 တွင် ထည့်သွင်းကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

နည်းပညာတီထွင်ဖန်တီးမှု စွမ်းရည်ပြိုင်ပွဲကြီးကို စက်တင်ဘာ ၇ ရက်မှ ၉ ရက်နေ့အထိ နေပြည်တော်ရှိ MICC-II တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း စက်မှုဝန်ကြီးဌာနမှ ဖိတ်ခေါ်ထားသည်။ အဆိုပါပြိုင်ပွဲကြီးကို နည်းပညာတက္ကသိုလ်အဆင့် TU Level၊ နည်းပညာကောလိပ်အဆင့် GTC Level၊ နည်းပညာအထက်တန်းကျောင်း စက်မှုသင်တန်းကျောင်းအဆင့် THS , ITC Level နှင့် အလွတ်တန်းအဆင့် Open Level စသည့် ကဏ္ဍ(၄)ခုဖြင့် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် စက်မှုဝန်ကြီးဌာနမှ ပညာရှင်များက အကဲဖြတ်အမှတ်ပေးကာ ဆုများကို ချီးမြှင့်ပေးသွားမည်ဖြစ်သည်။

 

ယခုနှစ် ကျင်းပမည့် တီထွင်ဖန်တီးမှု စွမ်းရည်ပြိုင်ပွဲကြီးအား “ပဉ္စမအကြိမ်မြောက် နိုင်ငံတကာနည်းပညာပြပွဲကြီး” (5th International Industrial Technology & Machinery Show 2018 Nay Pyi Taw ) တွင် ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲကျင်းပမည့် အချိန်မှာ စက်တင်ဘာ ၇ ရက်မှ ၉ ရက်နေ့၊ နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ (၃) ရက်တိုင်တိုင် နေပြည်တော် MICC-II တွင် ကျင်းပသွားမည်ဖြစ်ကြောင်း စက်မှုနည်းပညာအထက်တန်းကျောင်းများ၊ စက်မှုနည်းပညာကောလိပ်များ၊ စက်မှုနည်းပညာတက္ကသိုလ်များနှင့် စိတ်ပါဝင်စားသူမည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

 

ပြိုင်ပွဲစုံစမ်းရန် ဖုန်းနံပါတ်များမှာ 09 - 444899699 ၊ ဦးအောင်သက်ပိုင် ( Myanmar Engineer Society) ၊ 01 - 513903 ၊ Myanmar Promotional Services MPS Co Ltd တို့ဖြစ်ကြောင်း သိရသည်။

 

MDN
Credit - MPS Exhibition and Event Management facebook page