ညောင်ရွှေမြို့နယ် စာစစ်ဌာန (၁၂) ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ (၄၃၉၉)ဦး ဝင်ရောက်ဖြေဆိုမည်

ညောင်ရွှေ  ၂၂   ဖေဖော်ဝါရီ 

၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ညောင်ရွှေမြို့နယ်၌ စာစစ်ဌာန  ၁၂ ခုမှ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ၄၃၉၉ ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ညောင်ရွှေမြို့နယ်တွင် အ-ထ-က(၁) စာစစ်ဌာန၌ (၆၅၂)ဦး၊  အ-ထ-က(၂) စာစစ်ဌာန၌ (၄၃၆)ဦး၊  အကျဉ်းဦးစီး စာစစ်ဌာန၌ (၃)ဦး၊ အ-ထ-က သပြေကုန်း စာစစ်ဌာန၌ (၇၄)ဦး၊ အ-ထ-က ခေါင်တိုင် စာစစ်ဌာန၌(၃၂၂)ဦး၊ အ-ထ-က စံကား စာစစ်ဌာန၌ (၁၃၇)ဦး၊ အ-ထ-က ဘုရားတောင်ရေဆိပ် စာစစ်ဌာန၌ (၄၇၀)ဦး၊ အ-ထ-က အင်းပေါခုံ စာစစ်ဌာန၌ (၆၂၇)ဦး၊ အ-ထ-က မင်းချောင်း စာစစ်ဌာန၌ (၃၆၅)ဦး၊ အ-ထ-က မိုင်းသောက် စာစစ်ဌာန၌ (၄၁၅)ဦး၊ အ-ထ-က ဟဲယာရွာမ စာစစ်ဌာန၌  (၆၃၄)ဦး၊ အ-ထ-က အင်းယား စာစစ်ဌာန၌ (၂၆၄)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၄၃၉၉) ဦး ရှိကြောင်း သိရှိသည်။

နေမျိုးသူရိန်