ညောင်ရွှေမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်

ညောင်ရွှေ ၉  ဧပြီ 

 

ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက်  ညောင်ရွှေမြို့နယ်အတွင်း အဓိကဝင် ရောက်နိုင်သည့် နေရာ ၆ ခုတွင် ကျန်းမာရေးစစ်ဆေးခြင်း နှင့် အသိပညာပေး လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိသည်။

 

ယနေ့ ဧပြီ ၉ ရက်တွင်လည်း နံနက် ၇ နာရီမှ စတင်၍  ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်း ပရဟိတ အဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့များသည် မြို့နယ်အတွင်း အဓိကဝင် ရောက်နိုင်သည့် နေရာများဖြစ်သည့် မြို့အဝင် (ရွှေညောင်)၊ မြို့အဝင် (အေးသာယာ)၊ ပေါင်းပိုင်း (တောင်ပို့ကြီး) လမ်း၊ ကျွန်းတောင် - ကျောက်တလုံးလမ်း၊ မှော်ဘီ အဝိုင်းပတ်လမ်းဆုံ၊ အင်းတိန် - အောင်ပန်းလမ်း နေရာတို့တွင် နေ့စဉ်ဝင်ရောက်လာသူများကို ကိုယ်အပူချိန်တိုင်းတာ၍ ကျန်းမာရေး စစ်ဆေးခြင်း၊  နှာခေါင်းစည်းများ တပ်ဆင်၍ သွားလာကြစေရေးအတွက် အသိပညာပေးခြင်း၊ ရပ်ဝေးမှ ဝင်ရောက်လာသည့် ပြည်သူများအား စနစ်တကျ မှတ်တမ်းကောက်ယူခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

(နေမျိုးသူရိန်)