ညောင်ရွှေ၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းခွင်အကြိုဆင့်ပွားသင်တန်းဖွင့်

ညောင်ရွှေ ၁၄    သြဂုတ်

 

ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းခွင်အကြိုဆင့်ပွားသင်တန်းကို ယနေ့ နံနက် ၉ နာရီတွင် ညောင်ရွှေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

သင်တန်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တာဝန်နှင့် လုပ်ပိုင်ခွင့်၊ ဖွဲ့စည်းပုံ၊ လုပ်ငန်းစဉ်များ၊ ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် လုပ်ဆောင်ရမည့် အခန်းကဏ္ဍနှင့် တာဝန်များ၊ လိုက်နာရမည့်ကျင့်ဝတ်များ၊ ရွေး ကောက်ပွဲဆိုင်ရာ စက်ဝန်းနှင့် မဟာဗျူဟာစီမံကိန်းပန်းတိုင်များ၊ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်းလမ်းညွှန်များ၊ မဲ ဆန္ဒရှင်စာရင်းပြုစုခြင်း၊ နိုင်ငံရေးပါတီများလိုက်နာရမည့် ကျင့်ဝတ်များ၊ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းခြင်းနှင့် ရွေးကောက်ပွဲကုန်ကျစရိတ်၊ လူထုထံပိုမိုရောက်ရှိရန် ဆောင်ရွက်ခြင်း၊ အရပ်ဘက်အဖွဲ့အစည်း များ၊ ကျား/မတန်းတူညီမျှရေးအဖွဲ့များ၊ မသန်စွမ်းအဖွဲ့များ၊ လူနည်းစုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ရွေး ကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းခြင်း၊ စေ့စပ်ညှိနှိုင်းရေးကော်မတီများနှင့် ရွေးကောက်ပွဲ ခုံရုံးဆိုင်ရာ လုပ်ငန်းစဉ်များ၊ မီဒီယာနှင့် အခြားပြင်ပမှ ဆက်သွယ်ဆောင်ရွက်မှုများ၊ ကြိုတင်မဲပေးခြင်းလုပ်ငန်းစဉ်များ၊ မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် ရလဒ်များထုတ်ပြန်ကြေညာခြင်း၊ ဘတ်ဂျက်တင်ပြခြင်းနှင့် ငွေစာရင်းခေါင်းစဉ်ဆိုင်ရာ သင်ခန်းစာများ၊ ပြည်တွင်းနှင့် ပြည်ပစောင့်ကြည့်လေ့လာမှုများကို စီမံခန့်ခွဲခြင်းစသည့် သင်ရိုး ၁၂ ခုကို တောင်ကြီးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းရွှေနှင့် အဖွဲ့ဝင် ဒေါ်ကေသီနိုင်တို့က ရှင်းလင်းဆွေး နွေးကြသည်။

 

အဆိုပါသင်တန်းကို သြဂုတ် ၁၄ရက်မှ ၁၅ ရက်ထိ နှစ်ရက်ကြာဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသို့ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

 

( နေမျိုးသူရိန် )