ညောင်ရွှေသက်မွေးပညာ သင်တန်းကျောင်းတွင် အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိသူ ၄၀ ကို နေရပ်ပို့ဆောင်ပေး

ညောင်ရွှေ  ၂၄    ဩဂုတ်          

 

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ ဩဂုတ် ၂၃ ရက်နေ့တွင် ပေးပို့လာသော ဓာတ်ခွဲစစ်ဆေးမှုအဖြေအရ ညောင်‌ရွှေသက်မွေးပညာ သင်တန်းကျောင်းတွင် အသွားအလာ ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုမှု ခံယူနေသူ (၃၄) ဦး၏ ဓာတ်ခွဲအဖြေတွင် ကိုဗစ်-၁၉ ရောဂါပိုးမရှိကြောင်း ထုတ်ပြန်ခဲ့မှုအပေါ် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုမှုခံယူခဲ့သည့် ဟိုပုံးမြို့ နယ်မှ ၂ ဦး၊ ဆီဆိုင်မြို့နယ်မှ ၉ ဦး၊ တောင်ကြီးမြို့နယ်မှ ၄ ဦး၊ ကျောက်တလုံးကြီးမြို့မှ ၄ ဦး၊ မိုင်းပွန်မြို့မှ ၂ ဦး၊ လွိုင်လင်မြို့နယ်မှ ၅ ဦး၊ ဖယ်ခုံမြို့နယ်မှ ၁ ဦး၊ မိုးနဲမြို့နယ်မှ ၁ ဦး၊ ရပ်စောက် မြို့နယ်မှ ၆ ဦး၊ မိုင်းရှူးမြို့နယ်မှ ၂ ဦး၊ ကျောက်မဲမြို့နယ်မှ ၃ ဦး၊ နမ့်ဆန်မြို့နယ်မှ ၁ ဦး တို့အား ဩဂုတ် ၂၄ ရက် နံနက်ပိုင်းတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းနှင့် ဌာနဆိုင်ရာတာဝန် ရှိသူများက သက်ဆိုင်ရာမြို့နယ်များသို့ မော်တော်ယာဉ်များဖြင့် စီစဉ်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

(စိုင်းအယ်ဘဲ)