ညောင်တုန်း ၂၂ လမ်းမြစ်ကမ်း ရေကာတာ အမြန်တည်ဆောက်နိုင်ရေး ပြည်ထောင်စုဝန်ကြီး ကွင်းဆင်းစစ်ဆေး

ညောင်တုန်း  ၁၉   ဇန်နဝါရီ 

ညောင်တုန်းမြို့မှ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးထားသော ရေကာတာမှာ  ၂၂ လမ်းမြစ်ကမ်းတွင်၊ ဇန်နဝါရီ ၈ ရက်နေ့မှစတင်၍ ဆိုးဆိုးရွားရွား ပြိုကျပျက်စီးခဲ့သော မြစ်ကမ်းနှင့်ရေကာတာကို မိုးမကျမီ၊ မြစ်ရေမတက်မီ အမြန်ပြီးစီးအောင် ကာကွယ်တည်ဆောက်နိုင်ရေးအတွက်  ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့်အဖွဲ့ဝင်များသည် ဇန်နဝါရီ ၁၉ နံနက် ၉ နာရီက ညောင်တုန်းမြို့သို့ ရောက်ရှိလာပြီး မြစ်ကမ်းပြိုနေရာများကို ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးအုန်းလွင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များဖြစ်သော ဒေါ်နီနီမိုး၊ ဦးကျော်ဆန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုကြပြီးမြစ်ကမ်းပြိုအနေများကို ရှင်းလင်းပြသခဲ့ကြသည်။

 

‌ေ

 

ဆက်လက်၍ မြစ်ကမ်းအနီးရှိ သွန်းဘုရားအမကခန်းမတွင် ပြည်ထောင်စုဝန်ကြီးအား တာဝန်ရှိသူများက မြစ်ကမ်းပြိကျပျက်စီးခဲ့မှု အခြေအနေများနှင့်ပြုပြင် ထိန်းသိမ်းမှုအခြေအနေများကို မြေပုံကားချပ်များဖြင့်ရှင်းလင်း တင်ပြခဲ့ကြသည်။ 

ညောင်တုန်းမြို့သည် ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံတွင်တည်ရှိသော မြို့တစ်မြို့ဖြစ်ရာ ၁၉၈၅ ခုနှစ်မတိုင်မီ နှစ်များက ညောင်တုန်းတစ်ဖက်ကမ်း ရန်ကင်းစံရာဘက်ခြမ်းတွင် သောင်ထွန်းပြီး ညောင်တုန်းမြို့ဘက်အခြမ်း ကျွန်းထိပ်ပိုင်းတွင်ကမ်းပြိုမှုများကြောင့် ၁၉၈၆/၁၉၈၇ ခုနှစ်က ညောင်တုန်းမြို့၁၂ လမ်းတည့်တည့်တွင် ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဖြတ်ရေခေါ် တူးမြောင်းဖေါက်လုပ်ခဲ့ရာမှ မြို့တည့်တည့်ရေကြောင်းထိုးမှုကြောင့် ၁၉၈၈ ခုနှစ်မှစတင်၍ ညောင်တုန်းမြို့မှာ မြစ်ကမ်းပြိုမှု ဆိုးဆိုးရွားရွားဖြစ်ခဲ့ရသည်။

 

‌ေ

 

ညောင်တုန်းမြို့တွင်းနေ ပြည်သူများ ရေဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ညောင်တုန်းမြို့မြစ်ကမ်းရေကာတာကို စနစ်တကျအခိုင်အမာ ရေရှည်တည်တန့်ရေးအတွက် မြစ်ကမ်းနှင့်ရေကာတာ တည်ဆောက်ရေးလုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ နယ်သာလန်နိုင်ငံမှပါ ပါဝင်ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။                                                                        

နေလင်း(ညောင်တုန်း)