ညောင်တုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အမှတ် (၂) ရေနံဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း) မှ ငွေကျပ် (၁၀) သိန်းလှူဒါန်း

ညောင်တုန်း  ၁၀ ဧပြီ             

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ (ကိုဗစ်-၁၉) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ငွေကျပ် (၁၀) သိန်းကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ အမှတ် (၂) ရေနံဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း)မှ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ လှူဒါန်းပေးခဲ့သည်။

 

ထိုသိုလှူဒါန်းပေးရာတွင် အမှတ် (၂) ရေနံဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း) မှ စက်ရုံမှူး ဦးကြည်တိုးဝင်း (MPE) နှင့် စက်ရုံမှူး ဦးအောင်စိုးနိုင် (ရတနာစု) တို့က ငွေကျပ် (၁၀) သိန်းကို လှူဒါန်းပေးရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူက လက်ခံရယူပေးခဲ့သည်။

 

အဆိုပါ လှူဒါန်းရရှိသော ငွေကျပ် (၁၀) သိန်းကို ညောင်တုန်းမြို့နယ်အတွင်း (ကိုဗစ်-၁၉) ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ပြည်တွင်းနှင့် ပြည်ပမှ ပြန်လာသူများအား ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးသည့် လုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝဠာနိုင် (ညောင်တုန်း)