ညောင်တုန်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၁) ရက်နေ့မှစ၍ မွေးဖွားသော အသက် (၂) နှစ်အောက် ကလေးများအားလုံးအား ငွေကြေးထောက်ပံ့မည့် အသိပညာပေးပိုစတာစိုက်ထူ

ညောင်တုန်း ၁၄ ဇူလိုင်        

     

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအားလုံးနှင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၁) ရက်နေ့မှစ၍ မွေးဖွားသော အသက် (၂) နှစ်အောက် ကလေးများအားလုံးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လအတွင်းမှစ၍ ငွေကြေးထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း အသိပညာပေးပိုစတာစိုက်ထူခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက အမှတ် (၇) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးဘေး၌ ပြုလုပ်ခဲ့သည်။

 

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ညောင်တုန်းမြို့နယ် လူငယ်ရေးရာ ကော်မတီတို့ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ အများပြည်သူများသိရှိစေရန် အသိပညာပေးပိုစတာစိုက်ထူခြင်း နှင့် မိခင်များမှ မွေးဖွားလာသော ကလေးငယ်များ အဟာရပြည့်ပြည့်ဝဝရရှိပြီး ကျန်းမာဖွံ့ဖြိုးဖို့အတွက် လူမှု ဝန်ထမ်းဦးစီးဌာနကနေ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့၎င်းတို့က မွေးဖွားလာသည့် အသက် (၂) နှစ်အောက် ကလေးများအတွက် လစဉ်ထောက်ပံ့ကြေးငွေ ၁၅၀၀၀ ကျပ်ကို ကလေး အသက် (၂) နှစ်အထိ ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်းနှင့် MCCT ဟု ခေါ်သည့် ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်မှာ ပါဝင်နိုင်ဖို့ သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးရုံးများမှာ စုံစမ်းနိုင်မည်ဖြစ်ကြောင်း နံရံကပ်ပိုစတာများအား ဗဟိုရ်နှင့် ကားဂိတ်ရှိ အများမြင်တွေ့နိုင်သည့်နေရာများတွင် ကပ်ထားပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)