ညောင်ဦး - ချောက်ကားလမ်းပေါ်ရှိ အုံမြားချောင်းရေကျနေမှုကြောင့် ခရီးသွားပြည်သူများကို နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်များက ကူညီ

ညောင်ဦး   ၂၄   ဩဂုတ်    


မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ် စဉ့်ကူကျေးရွာအနီး ညောင်ဦး - ချောက်သွားကားလမ်းပေါ်ရှိ စဉ့်ကူအုံမြားချောင်းတွင် ဩဂုတ် ၂၃ ရက်၊ ညနေ ၅ နာရီခွဲက အထက်ပိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေများကျနေသည့်အတွက် ခရီးသွားပြည်သူများ ခရီးကြန့်ကြာမှုများ မဖြစ်စေရန်နှင့် အန္တရာယ်ကင်းဝေးစေရေးအတွက် ညောင်ဦးမြို့နယ် စဉ့်ကူနယ်မြေမီးသတ်စခန်းမှ တပ်ကြပ်ကြီး ဇော်မင်းသိန်းနှင့် တပ်ဖွဲ့ဝင်များက ချောက်မြို့နယ်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းနိုင် ဦးဆောင်သော တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေး ပြည်သူ့အကျိုးပြု ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


အဆိုပါ ညောင်ဦးမြို့နယ် စဉ့်ကူကျေးရွာအနီးရှိ စဉ့်ကူအုံမြားချောင်းသည် ယခုလို မိုးရာသီကာလတွင် မိုးသည်းထန်စွာရွာသွန်းပါက ချောင်းရေကျမှုများ ဖြစ်ပေါ်လေ့ရှိပြီး ချောင်းကျရေကျမှုများသည့်အခါတွင် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအတွက် ကူးလူးဖြတ်သန်းသွားလာရာ၌ စိတ်အနှောက်အယှက်များ ကြုံတွေ့နေရကြောင်း သိရကာ ထိုနေ့ ညနေ ၅ နာရီခွဲက ညောင်ဦးမြို့နယ်တွင် မိုးမရွာပဲ အထက်ပိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေ ကျမှုများဖြစ်ပေါ်ခဲ့သည့်အတွက် ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ ကူးလူးဖြတ်သန်းသွားလာနိုင်ရေး ညောင်ဦး မြို့နယ် စဉ့်ကူနယ်မြေမီးသတ်စခန်းမှ တပ်ကြပ်ကြီး ဇော်မင်းသိန်းနှင့် တပ်ဖွဲ့ဝင်များက ချောက်မြို့နယ်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းနိုင် ဦးဆောင်သော တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ပြည်သူ့အကျိုးပြု ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း စဉ့်ကူနယ်မြေမီးသတ်စခန်းမှ တပ်ကြပ်ကြီးဇော်မင်းသိန်း ထံမှ သိရသည်။  


လှိုင်ဝင်းလေး ( ပုဂံမြေ )