ညောင်ဦးခရိုင် ငါ့သရောက်မြို့၌ တောပြားဆည်ရေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်း

ငါ့သရောက်   ဇန်နဝါရီ   ၁၄

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့ တောပြားကျေးရွာတွင် တောပြားဆည်ရေဖြင့် ကန်စွန်း၊ ချဉ်ပေါင်၊ ခရမ်ချဉ်၊ မေမြို့ပန်း၊ ဂန္ဓမာပန်း၊ နေကြာ အစရှိသည့် စိုက်ပျိုးသီးနှံများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ တောပြားဆည်ရေဖြင့် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာ နေကြာခင်းများ အထူးကောင်းမွန်းလျက်ရှိကြောင်းနှင့် ၎င်းနေကြာများကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ တတိယပတ်မှ စတင်စိုက်ပျိုးခဲ့ကြခြင်းဖြစ်ပြီး ယခုအခါ အဖူးအပွင့်များ ဝေဝေဆာဆာဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

 

ဖြိုးဝေ(ပြန်/ဆက်)