ညောင်ဦးမြို့၌ သဘာဝဘေးအန္တရာယ် ရေတွင်းအသက်ကယ် သရုပ်ပြလေ့ကျင့်

ညောင်ဦး၊ ၁၈ ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာနမှူး(လက်ထောက်ညွှန်ကြားရေးမှူး) ဦးထက်အောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး ရေတွင်း အသက်ကယ်သရုပ်ပြလေ့ကျင့်မှုကို မီးသတ်စခန်းဝင်းအတွင်း၌ ပြုလုပ်ခဲ့သည်။

 

ယခုလို ပွင့်လင်းရာသီချိ၌ သောက်သုံးရေအတွက် အားထားအသုံးပြုနေရသည့် ရေတွင်းများ ပြန်လည် ဆယ်ယူခြင်း ပြုလုပ်ရာတွင် အခက်အခဲဖြစ်ပေါ်ပါက အချိန်မီ ကူညီကယ်ဆယ်နိုင်ရန် သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရန် မီးငြှိမ်းသတ်နည်း ပညာပေး သရုပ်ပြသခြင်းများကိုလည်း အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း ညောင်ဦးခရိုင် မီးသတ်ဦးစီးမှူးက ပြောပြသည်။

 

ရဲဝင်းနိုင်(ညောင်ဦး)