ညောင်ဦးမြို့နယ် စဉ့်ကူနယ်မြေမီးသတ်စခန်းရှိ တပ်ဖွဲ့ဝင်များ သဘာဝဘေးအန္တရာယ်များ ကျရောက် လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်နိုင်ရေး အသင်းစုဖွဲ့ထားရှိ

ညောင်ဦး    ၉   မေ    

 

မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ် စဉ့်ကူနယ်မြေမီးသတ်စခန်းမှ တာဝန်ခံမီးသတ်ဦးစီးမှူး တပ်ကြပ်ကြီး ဇော်မင်းသိန်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း သဘာဝဘေး အန္တရာယ်များ ကျရောက်လာပါက အချိန်နှင့် တစ်ပြေးညီ ရှာဖွေကူညီကယ်ဆယ်နိုင်ရေးအတွက် ကြိုတင်လေ့ကျင့်မှုများ ပြုလုပ်၍ တပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ ထားရှိကြောင်း အဆိုပါ စဉ့်ကူနယ်မြေ မီးသတ်စခန်းမှ တာဝန်ခံမီးသတ်ဦးစီးမှူး တပ်ကြပ်ကြီးဇော်မင်းသိန်း ထံမှ သိရသည်။

 

6315

 

 “ကျွန်တော်တို့ ညောင်ဦးမြို့နယ် စဉ့်ကူနယ်မြေမီးသတ်စခန်းအနေနဲ့ မိုးရာသီတွင် မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးမှု မရှိစေရေးအတွက် အချိန်နှင့် တစ်ပြေးညီ ရှာဖွေကူညီကယ်ဆယ်နိုင်ရေးအတွက် ခေတ်မီစက်ကိရိယာ များဖြင့် တပ်ဖွဲ့ဝင်များ စဉ်ဆက်မပြတ် လေ့ကျင့်နေတာဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ် များကြောင့် သစ်ပင်သစ်ကိုင်းများ ပြိုလဲခြင်းများ ဖြစ်ပေါ်လာပါက ပြည်သူများအနေဖြင့် အချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့ အကူအညီရယူ ဆောင်ရွက်နိုင်ပါတယ်။ ကျွန်တော်တို့ နယ်မြေမီးသတ်စခန်း အနေဖြင့် သဘာဝဘေးအန္တရာယ်အပြင် မြို့နယ်အတွင်း မီးဘေးလုံခြုံရေးလုပ်ငန်းများကိုလည်း ကြပ်မတ်ကွင်းဆင်း စစ်ဆေးခြင်းနှင့် ပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေပါတယ် ဟု ညောင်ဦးမြို့နယ် စဉ့်ကူနယ်မြေမီးသတ်စခန်းမှ တာဝန်ခံမီးသတ်ဦးစီးမှူး တပ်ကြပ်ကြီးဇော်မင်းသိန်း က ပြောသည်။  

 

ရဲဝင်းနိုင် ( ညောင်ဦး )