ညောင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး Mask Campaign အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်

ညောင်ဦး ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကူးစက်ပြန့်ပွားမှုအား ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ ဇူလိုင် ရက် နံနက် နာရီက ညောင်ဦးမြို့၊ မဏိစည်သူဈေးအတွင်း၊ အပြင်ရှိ ဈေးသူဈေးသားများနှင့် ဈေးဝယ်လာပြည်သူများ၊ ခရီးသွားပြည်သူများ အပြင်သွားလာရာ၌ ပါးစပ်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်သွားလာရေး လူထုလှုပ်ရှားမှု Mask Campaign ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း ညောင်ဦးမြို့၊ မဏိစည်သူဈေးတာဝန်ခံ ဦးအောင်ကျော်မြင့်ထံက သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူထုလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ညောင်ဦးမြို့၊ မဏိစည်သူဈေးသို့ သွားရောက်ကာ ဈေးသူဈေးသားများနှင့် ဈေးဝယ်လာပြည်သူများကို ဈေးရောင်းဈေးဝယ် ပြုလုပ်ရာတွင် ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကင်းဝေးစေရေး လူစုလူဝေးမဖြစ်အောင် စနစ်တကျ ရောင်းချသွားရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကြိုတင်ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များကို အလေးထား လိုက်နာဆောင်ရွက်သွားကြရန်တို့ကို အသိပညာပေး ဆွေးနွေးပြောကြားပြီး ဈေးရောင်းဈေးဝယ်သူများကို ပါးစပ်နှာခေါင်းစည်းများ အခမဲ့ လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။

 

ထို့နောက် တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် ညောင်ဦးမြို့၊ မဏိစည်သူဈေးအနီးတွင် စုရပ်ပြုလုပ်၍ မြို့တွင်း ဖြတ်သန်းသွားလာသည့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများကို မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မလိုအပ်ဘဲ အပြင်သွားလာခြင်းများ မပြုလုပ်ရန်၊ အပြင်သွားလာသည့် အခါတွင် ပါးစပ်နှာခေါင်းစည်းနှင့် မျက်နှာအကာ ( Face Shield ) မဖြစ်မနေ တပ်ဆင်သွားလာကြရန်၊ လူတစ်ဦးနှင့်တစ်ဦး အနည်းဆုံး () ပေအကွာ နေထိုင်သွားကြရန်၊ မကြာခဏ လက်ဆေးရန် စသည့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရန် အချက်များကို အသိပညာပေး ဆွေးနွေးပြောကြားပြီး ပါးစပ်နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ယနေ့ လူထုလှုပ်ရှားမှု Mask Campaign အား ပါးစပ်နှာခေါင်းစည်းခုရေ ၂၀၀၀ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)

mdn