ညောင်ဦးမြို့နယ်တွင် ၁၄၁၃၂၀ ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီး

ညောင်ဦး  ဇန်နဝါရီ  ၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ဇန်နဝါရီ ၂ရက် နံနက်ပိုင်းအချိန်ထိ ဒေသခံပြည်သူ ၁၄၁၃၂၀ ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီ ဖြစ်ကြောင်း ညောင်ဦးမြို့နယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ညောင်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန်  သတ်မှတ်စုရပ် နေရာ(၁၂)နေရာဖြင့် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် ပထမအကြိမ် Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူ ၈၆၁၃၀ ဦး၊ Sinopharm ဒုတိယအကြိမ် ထိုးနှံပြီးသူ ၄၈၃၅၀ဦး၊ Sinovac ပထမအကြိမ်ထိုးနှံပြီးသူ ၃၆၂၄ ဦး၊ Sinovac ဒုတိယအကြိမ် ထိုးနှံပြီးသူ ၃၂၁၆ ဦး၊ စုစုပေါင်း ၁၄၁၃၂၀ ဦး ထိုးနှံပေးနိုင်ပြီဖြစ်ကြောင်း၊ ဆေးခွဲတမ်းရရှိမှုအပေါ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း၊ ဝေးလံသည့်ကျေးရွာများသို့လည်း နယ်လှည့် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးအဖွဲ့များဖြင့် လိုက်လံထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း